အထက်တန်းပြီးသွားတော့ ကြားရက်တွေမှာ ကျွန်မ တို့တွေအတူတူသင်းတန်းတွေတတ်နေကြတယ်ဆိုပါတော့
အရာအားလုံးကအဆင်ပြေခဲ့ပါတယ် ပျော်ရွှင်စရာနေ့ရက်တွေကိုအတူတူဖြတ်သန်းခဲ့ကြတယ် အမှတ်တရတွေအများကြီးဖန်တီးခဲ့ကြတယ် အသက်တွေကြီးလာတာနဲ့အမျှ ဘဝအတွက်ဦးစားပေးရမဲ့အရာတွေကိုလုပ်ဆောင်ရတော့မှာမို့ ဒီအချိန်လေးက စိတ်ရှိတိုင်းပျော်ပစ်လိုက်ဖို့အကောင်းဆုံးပါဘဲ
အဲ့ဒီလိုမျိုး အရာရာအဆင်ပြေနေပြီ စိတ်ညစ်စရာတွေမရှိတော့ဘူး သူမ ကြောင့်နဲ့ငိုရတဲ့နေ့ရက်တွေလည်းနည်းပါးလာခဲ့ပြီ ဆိုပြီး ဒီရက်တွေမှာအသက်ရှုချောင်လာသလိုခံစားခဲ့ရသည်
သူမ နဲ့အတူရှေ့ဆက်ရမဲ့ ဘဝခရီးလမ်းကိုကြိုတွေးရင်းစိတ်ကူးတွေယဉ်ပြီးတစ်ယောက်ထဲကြိတ်ရူးနေခဲ့သည်
ဒါပေမယ့် ဘယ်သူသိမှာလည်း ကျွန်မ အတွက်အလွန်ဆိုးရွားတဲ့ ကံကြမ္မာတစ်ခုက စောင့်ဆိုင်းနေခဲ့တယ်ဆိုတာကို
တစ်ခုသောမနက်ခင်း
သင်တန်းသွားဖို့အတွက် သူမ ကိုခေါ်ရန်ထွက်လာခဲ့လိုက်သည်
သူမ အခန်းတံခါးကိုခေါက်လိုက်ပေမယ့် ပြန်ထူးသံမကြားတာမို့ သူမ ရေချိုးခန်းထဲမှာရှိနေမယ်ဆိုတာသိလိုက်သည်
ဒါကြောင့် အခန်းတံခါးကိုဖွင့်လို့ ထုံးစံအတိုင်းသူမ အခန်းထဲကဆိုဖာပေါ်မှာထိုင်စောင့်ရင်း ဖုန်းသုံးနေလိုက်သည်
ထိုအချိန် သူမ အိပ်ရာဘေးနားကစားပွဲပေါ်မှ ဖုန်းလေးတုန်ခါနေသည်ကိုတွေ့လိုက်ရသဖြင့် ဘယ်သူဆက်တာလည်းဆိုပြီး သွားကြည့်လိုက်ရာ
Oppaဆိုပြီး ဘေးမှာအသည်းပုံလေးပါတဲ့ contactတစ်ခုက ကျွန်မ ကိုနာနာကျင်ကျင်ကြိုဆိုနေခဲ့သည်
တုန်ယင်နေသည့်လက်တွေဖြင့် ထိုဖုန်းအားဖြေးညှင်းစွာကောက်ကိုင်လိုက်ကာ ဒီအတိုင်းဘာမှမလုပ်ဘဲကြည့်နေမိသည်
တခါကျသွားသည့်တိုင်ဘာလုပ်ရမှန်းမသိလို့ မဟုတ်ဘူး ခန္ဓာကိုယ်တစ်ခုလုံးရေခဲရိုက်ထားသလိုခံစားနေရတာမို့ အဲဒီအဝင်callကို ဒီအတိုင်းသာရပ်ကြည့်နေမိသည်
![](https://img.wattpad.com/cover/325472030-288-k35943.jpg)
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...