တစ်ခုသော နွေရာသီကျောင်းပိတ်ရက်
"မသွားလို့မရဘူးလား"
မျက်နှာကလေးမဲ့ကာ သူမ ကတားလာလေသည်
"ငါလည်းမသွားချင်ပါဘူး niရယ် ဒါပေမယ့် အဖေ့ဘက်ကကြည့်ရင်လည်း ငါကျောင်းပိတ်တုန်းလေးဘဲ သူ့ဇာတိကိုအလည်ပြန်ရတာလေ နောက်ပြီး ငါမွေးပြီးကတည်းက ထိုင်းကိုတစ်ခါမှမပြန်ရသေးဘူးမလား"
"ဟုတ်ပေမဲ့..
"သမီးliliကိုဘာတွေဂျီကျနေတာလည်း နှုတ်ဆက်လို့မပြီးသေးဘူးလား လေယာဉ်နောက်ကျနေတော့မယ်"
ကျွန်မ တို့နှစ်ယောက် နှုတ်ဆက်စကားတွေပြောလို့မပြီးသေးခင်အချိန်မှာဘဲ ခရီးဆောင်အိတ်ကိုဆွဲလို့ ထွက်လာသည့်အဖေတို့ကိုတွေ့လိုက်ရသည်
"ဖေဖေတို့ကလည်း တစ်လကြီးများတောင်ခွဲရမှာလေ liliကိုနှုတ်ဆက်လို့တောင်မပြီးသေးဘူး"
အလိုမကျစွာ နှုတ်ခမ်းလေးဆူကာပြောလာလေတော့ လူကြီးတွေရဲ့ ရယ်သံခပ်လွင်လွင်ဟာလေထဲပျံ့နှံ့သွားလေရဲ့
ကျွန်မ တော့မရယ်နိုင်ပါဘူး သူမနဲ့တစ်ရက်လေးတောင်မခွဲနိုင်တာကို တစ်လဆိုတာကြီးကတော့ အရမ်းရမ်းကိုလွန်လွန်းပါတယ်
ဒါပေမဲ့လည်း အဖေ့ကိုလွန်မဆန်နိုင်ပြန်ဘူးလေ
"အပြီးသွားမှာကျလို့ သမီးရယ် တစ်လလောက်နေပြီးရင်ပြန်လာမှာဘဲကို"
အန်တီက niniရဲ့ခေါင်းလေးကိုအသာပွတ်သက်ရင်းချော့မြူနေလေရဲ့
"ကဲပါ ဒါဆိုလည်း သမီးတို့နှစ်ယောက်စကားပြောပြီးရင် လာခဲ့ကြတော့နော် ဖေဖေတို့ကားပေါ်ကစောင့်နေမယ် မကြာစေနဲ့"
"ဟုတ်ကဲ့"
ကျွန်မတို့နှစ်ယောက်ရဲ့သံယောဇဉ်ကို သိနေကြတာမို့ အချိန်ပေးလာသော အန်ကယ်တို့ကိုစိတ်ထဲကနေကျေးဇူးတင်လိုက်မိသည်
ပြီးနောက် သူမလေးအားကိုယ့်ရင်ခွင်ထဲထိနစ်မြှုပ်သွားမတတ်ဖက်ထားလိုက်သည်
"လိမ်လိမ်မာမာနေ ကျန်းမာရေးလည်းဂရုစိုက် မတည့်တာတွေမစားနဲ့ အပြင်တွေလည်းလျှောက်မသွားနဲ့ ပြီးတော့ သတိရနေမယ်"
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...