"အရမ်းကြီးမဖက်နဲ့လေniရ ငါအသက်ရှူကြပ်နေပြီ"
ကျောင်းသွားရန်စက်ဘီးကိုနင်းမယ်လုပ်တော့ အနောက်ကနေခါးကိုပုံမှန်ထပ်ပိုမိုတင်းကြပ်စွာဖက်တွယ်လာတဲ့ကောင်မလေးကြောင့် ဗိုက်တောင်နာသွားရတဲ့အဖြစ်
"နင်ကလဲ ဒီလောက်လေးတောင်မခံနိုင်ဘူးလား ဒါဆိုလည်း ကိုယ့်ဘာသာသွားတော့"
ဟော နောက်ဆုံးတော့လည်း ဒီလူကအမှားပါဘဲ
"ဟုတ်ပြီ ဟုတ်ပြီ မပြောတော့ဘူးတက်တက် တော်ကြာကျောင်းနောက်ကျလိမ့်မယ်"
စိတ်ကောက်ကာဆင်းသွားတဲ့ အနှီမလေးအား ပြန်ခေါ်ရပြန်တယ်
"သေချာကိုင်ထားလေ"
ရွဲ့ချက်ကတော့ စံချိန်တင်လောက်တယ် စောနကပြောလို့တဲ့ အခုကျ ဖက်ဖို့မပြောနဲ့နဲနဲလေးတောင် လူကိုလာမထိတဲ့ အကောက်စိန်လေးအား ပြုတ်ကျမည်ဆိုး၍ ပြောလိုက်ရသည်
"ဟွန့်"
ဟွန့် ဆိုပြီး မကျေနပ်ကြောင်းပြတဲ့အသံလေးထွက်ကာ ခါးကိုလာဖက်တဲ့ ကောင်မလေး ကြောင့်ပြုံးမိရပြန်သည်
"လိမ္မာတယ် ဘာစားချင်လည်းပြော"
"တကယ်ဝယ်ေကျွးမှာမို့လို့လား"
မယုံသင်္ကာဖြစ်နေတဲ့ ကောင်မလေးအားလက်တွေ့ပြရန် အနီးနားရှိရေခဲမုန့်ဆိုင်သို့ကွေ့ဝင်လိုက်သည်
"တကယ်ကြီးဝယ်ကြွေးမလို့လား"
ဒါတောင် သူမလေးကမယုံသေးဘူးတဲ့ ဝယ်ကျွေး ချင်စရာအတော်ကောင်းရောဘဲ
"တစ်ကနေသုံးထိရေတွက်လို့မှ မဆင်းဘူးဆိုရင် တကယ်မကျွေးတော့ဘူး"
"ဆင်းပြီ ဆင်းပြီ"
အခုကျတော့လည်း သွက်ချက် တစ် လို့တောင်မပြောရသေးဘူး ဆိုင်ထဲရောက်သွားလေပြီ
ဘယ်အချိန်ထိကလေးဆန်နေဦးမှာလည်းကောင်မလေးရယ် ဖြစ်နိုင်ရင်အဲ့လိုလေးဘဲအမြဲနေစေချင်တယ် ဒီကလူက တစ်သက်လုံးကလေးထိန်းရလည်းဖြစ်တာမို့
"Liliဘာလုပ်နေတာလည်း မလာသေးဘူးလား"
ဆိုင်ထဲကနေ လှမ်းကာအော်ခေါ်နေတဲ့ ကောင်မလေးကြောင့် အတွေးတွေကိုရပ်လို့ အပြေးလေးသွားလိုက်တော့သည်
![](https://img.wattpad.com/cover/325472030-288-k35943.jpg)
YOU ARE READING
Memory (Completed)
Fiksi Penggemarကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...