အပင်တွေကိုရေးလောင်းနေရင်း ခြံရှေ့တံခါးဖွင့်သံကြားလို့ ကြည့်လိုက်ရာ မျှော်နေရသူလေး ပြန်ရောက်လာပြီဖြစ်သည်
အန်ကယ်တို့ပြန်မရောက်ခင် အရင်ရောက်လာပေးလို့ကျေးဇူးတင်ရမည်
အဆိုးလေးဟာ ကျွန်မ ကိုတစ်ချက်တောင်လှည့်မကြည့်ဘဲ အိမ်ထဲသို့တန်းဝင်သွားလေရဲ့
သူမ ရဲ့ကျောပြင်သေးသေးလေးကိုငေးကြည့်ရင်းသာ သက်ပြင်းခပ်ဖွဖွချလိုက်မိသည်
သူမ အကြောင်းဆက်မတွေးတော့ဘဲ ပန်းပင်လေးတွေကိုသာ ဂရုတစိုက်ရေပေးနေလိုက်သည်
မကြာတဲ့အချိန်အတွင်းမှာဘဲ ဝတ်စားတွေလဲကာ အိမ်အပြင်သို့ ပြန်ထွက်လာသည့် သူမ ကြောင့်ကျွန်မ မှာမျက်လုံးပြူးသွားရသည့်အဖြစ်
ညရောက်တော့မှာကို သူမ ကဘယ်များသွားအုံးမှာပါလိမ့်
ကျွန်မ တွေးနေတုန်းမှာဘဲ သူမ ကခြံတံခါးနားကိုရောက်နေပြီမို့ ဘာမှဂရုမစိုက်နိုင်ဘဲ သူမ ဆီသို့အပြေးလေးသွားကာ လက်ကိုလှမ်းဆွဲထားလိုက်သည်
ငါအရှုံးပေးပြီမို့ မင်းရဲ့မာနလေးကို ခေါက်သိမ်းလိုက်ပါတော့လား
"ဘယ်သွားမလို့လည်း"
သူမ ရဲ့လက်ကိုဆွဲကာမေးလိုက်တော့ လူကိုမျက်စောင်းခဲကာ ကြည့်လာလေရဲ့
"ငါဘာသာငါ ဘယ်သွားသွားပေါ့"
"မသွားရဘူး မိုးချုပ်တော့မယ်"
မင်းဘာသာမင်းစိတ်ဆိုးရုံမကလို့ ဘာဖြစ်ဖြစ် ငါကတော့တားရမှာဘဲ
ငါ့နှလုံးသားက မင်းကိုသွားဖို့ ခွင့်မပြုဘူး"နင်နဲ့ဘာဆိုင်လို့လည်း အခုချက်ခြင်းလက်ကိုလွှတ်ပေး"
သူမ မျက်နှာပေါ်ကအလိုမကျမှုတွေဟာ အထင်းသား
အဲ့တာတွေလည်းဂရုမစိုက်အားသေးဘူး"အန်ကယ်တို့ပြန်လာတော့မယ် သွားချင်ရင်လည်း သူတို့ကိုအသိပေးပြီးမှသွား"
သူမ လက်ကိုဆုပ်ကိုင်ထားရင်းပြောလိုက်သည်
"အသိပေးစရာမလိုပါဘူး ဒီည ဒယ်ဒီတို့ကနောက်ကျမယ်လို့ဖုန်းဆက်ထားတယ်"
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...