"မနေ့ညက ဘာလို့ဖုန်းမကိုင်တာလည်း"
အိပ်ရာကနေနိုးနိုးချင်း ဝင်လာသည့်ဖုန်းကောလေးအား ကိုင်လိုက်ကာ နား နားလေးတိုးကပ်လိုက်တော့ ကြားလိုက်ရသည့် အသံလေးကြောင့် မနေ့ညကအဖြစ်ပျက်တွေဟာ မှတ်ဉာဏ်ထဲမှာပြန်ပေါ်လို့လာသည်
ညကအငိုလွန်ပြီး တော်နဲ့မအိပ်ဖြစ်ခဲ့ အိပ်မရတာဆိုပိုမှန်မည် ဘာလို့ရယ်မသိ ကျွန်မ အခုထိဝမ်းနည်းမိနေတုန်းဘဲ
သူမ ရဲ့အသံလေးက ငိုပါလို့ထပ်ပြီးတိုက်တွန်းနေသလိုမျိုးခံစားနေရသည် ငါ ထပ်ပြီးမငိုပါရစေနဲ့လား
"Lili ဘာဖြစ်နေတာလည်း စကားလည်းပြန်မပြောဘူး"
ထပ်ပြီးကြားလိုက်ရသည့် စကားသံလေး အဲ့လိုမျိုးစိတ်ပူနေတဲ့အသံလေးနဲ့မပြောပါနဲ့လား ငါပိုပြီးငိုချင်လို့ပါ
သူမ မေးနေပြီကျွန်မ ဘာပြန်ပြောရမလည်း ကျွန်မ မလိမ်ချင်ဘူး ဒါပေမယ့် လိမ်ရအုံးမယ်
"ငါ နေမကောင်းဖြစ်နေလို့ပါ"
"ဟုတ်လား ဆေးခန်းမသွားဘူးလား ဆေးရောသောက်ပြီးပြီလား အခုကော နေရတာ သက်သာရဲ့လား"
ငါ့ကိုတကယ်ဘဲစိတ်ပူပေးနေတာလား ni
အဲ့လိုဆိုရင် ငါအရမ်းပျော်မိမှာဘဲမုန်းလိုက်တာniရယ် ဒီလိုမျိုးလိမ်ညာစကားတွေပြောနေရတာကို ငါမုန်းလိုက်တာ အလကားသက်သက် မင်းကိုအနှောက်ယှက်ပေးမိပြီထင်ပါရဲ့
"အင်း သက်သာပါတယ် အခုကဘယ်မှာလည်း သင်တန်းမှာလား"
"ဘယ်ကသာ အစောကြီးရှိသေးတာကို ငါက အိပ်ရာထဲမှာဘဲရှိသေးတယ် နာရီလေးလည်းကြည့်ပါအုံး liliရဲ့"
ဟုတ်ပါရဲ့ အခုမှ မနက်ခြောက်နာရီ ဘဲရှိသေးတာကိုနော် ငါ့စိတ်တွေလဲ ဘာတွေဖြစ်နေမှန်းမသိ ပုံမှန်မဟုတ်တော့သလိုပါဘဲ
"အင်း ဟုတ်သားဘဲ ဘာလို့အစောကြီးဖုန်းဆက်တာလည်း"
"ဘာလို့ရမှာလည်း မနေ့ညက ဖုန်းဆက်တာကို ကိုင်မှမကိုင်တာ ပြန်လည်းမဆက်ဘူး အာ့ကြောင့်ဘာများဖြစ်နေလည်းဆိုပြီး စိတ်ပူလို့ အစောကြီးဆက်လိုက်တာ"
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...