"Happy Birthday Lili ပျော်ရွှင်စရာ ဆယ့်သုံးနှစ်ပြည့်မွေးနေ့လေးဖြစ်ပါစေနော် ပြီးတော့ ငါ့အပေါ်မှာလည်း အရင်ထပ်မကပိုပြီးအလိုလိုက်နိုင်ပါစေ ဟီးဟီး နောက်ပြီး ငါ့အနားမှာအမြဲရှိနေပေးလို့ ကျေးဇူးအများကြီးတင်တယ်နော် ဘာလိုလိုနဲ့ ငါတို့တွေတောင်အသက်တစ်နှစ်ပိုကြီးလာပြီဘဲ ဒီနှစ်တွေအတွင်းနင့်ကြောင့် ငါအများကြီးပျော်ရွှင်ခဲ့ရပါတယ် နင်က ငါ့ဘဝရဲ့အကောင်းဆုံးသောလူတစ်ယောက်ပါ ငါ့ဘဝအတွက်နင့်ကိုလိုအပ်တယ်Lili ဒါကြောင့်ငါ့အနားမှာအမြဲနေပေးပါနော် မဟုတ်ဘူးနေကိုနေပေးရမယ် နောက်ပြီး ငါတို့နှစ်ယောက်ရဲ့မွေးနေ့တွေရောက်တိုင်း အတူတူဖြတ်သန်းကြမယ်နော် ငါစာတွေအများကြီးရေးလိုက်မိတာဘဲ လက်ဆောင်ကိုတော့မနက်မှပေးမယ်နော် ကောင်းကောင်းအိပ်ပါlili goodnight💛"
မွေးနေ့ရောက်တိုင်း ညဆယ့်နှစ် နာရီထိုးတာနဲ့ သူမ ဆီကအခုလိုစာလေးတွေဝင်လာတတ်သည်
အင်း ဒီတစ်ခါက အရှည်ဆုံးဆိုပါတော့
ငါမအိပ်သေးဘူးniniရဲ့ နင့်ဆီကမွေးနေ့ဆုတောင်းကိုစောင့်နေလို့လေအချိန်တိကျသူလေးဟာနာရီလက်တံဆယ့်နှစ်ရောက်တာနဲ့ တိန် ဆိုပြီး messageလေးကဝင်လာမြဲဘဲ
တကယ်ကိုကြည်နူးရပါတယ် မင်းရဲ့စာလေးကြောင့် ငါ့မျက်နှာပေါ်ကအပြုံးတွေတောင်ဖျောက်လို့မရတော့ဘူး
အမိန့်ပေးလိုက်တောင်းဆိုလိုက်နဲ့ မင်းကဘာလေးလဲni
ဒါပေါ့ niရယ် နှောင်နှစ်တွေအထိ ငါကမင်းနဲ့အတူရှိနေမှာပါ မင်းငါ့ကိုလိုအပ်နေသ၍ပေါ့
အင်း လိုချင်တာလည်းရပြီဆိုတော့ အိပ်ဖို့အချိန်တန်ပြီပေါ့
ဖုန်းကို ဘေးကစာရေးစားပွဲပေါ်လှမ်းတင်လိုက်ပြီး မျက်လုံးတွေကိုမှေးစက်ထားလိုက်သည်မျက်လုံးတွေမှိတ်သွားပေမဲ့ အပြုံးတွေကတော့ မအိပ်ချင်သေးဘူးထင်ပါရဲ့ ခက်ပါ့niရယ် မင်းကြောင့် ငါအိပ်မပျော်တော့ပြန်ဘူး
*******
"Happy Birthday Lili ရော့ ဒါကငါ့ရဲ့မွေးနေ့လက်ဆောင်"မကြီးမသေးဗူးလေးတစ်ဗူးကိုကျွန်မဆီထိုးပေးရင်း ချယ်ကပြောလာသည်
![](https://img.wattpad.com/cover/325472030-288-k35943.jpg)
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...