"နင် ငါ့ကိုရေခဲမုန့် ဝယ်မကျွေးတော့ဘူးလား"
သူမ စကားကြောင့် စက်ဘီးကိုအလျှင်အမြန်ရပ်လိုက်ရသည်
"အမ် ဆိုင်ကကျော်သွားပြီဆိုတော့ နောက်နေ့မှဝယ်ကျွေးမယ်လေနော်"
အနောက်ကိုလှမ်းမျှော်ကြည့်လိုက်တော့ ဆိုင်နဲ့အတော်ကိုလှမ်းနေပြီဖြစ်လို့ နောက်နေ့မှစားရန်ပြောလိုက်ရသည်
"မရဘူး ဒီနေ့စားရမှဖြစ်မယ် မဝယ်ကျွေးရတာကြာတော့ နင်မေ့နေတာမလားပြော"
မျက်စောင်းလေးခဲကာရန်ထောင်လာသည့်ကောင်မလေးကြောင့် ကိုယ့်မှာပြုံးလိုက်မိသေးသည်
အချိန်တစ်ခုအထိ အဲ့ဒီတာဝန်ကို မင်ဂျွန်းကတာဝန်ယူခဲ့တာမလားအခု တော့ အဲ့ဒီတာဝန်က မူလပိုင်ရှာင်ဖြစ်တဲ့ ကျွန်မ ဆီကိုပြန်ရောက်လာလေပြီ မင်းနဲ့ပတ်သတ်ရင် ဘာကိုမှအမှတ်မရှိဘူးထင်ပါရဲ့
ဘာဘဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ် အရာရာတိုင်းကိုအရင်လိုပြန်ဖြစ်အောင်ငါကြိုးစားပါ့မယ်
"ငါကမေ့စရာလား နင်မစားချင်ဘူးထင်လို့ မပြောတာ ဒါဆို ပြန်သွားဝယ်ပေးမယ်နော်"
"ပြီးရော"
သူမ ရဲ့အလိုဆန္ဒအတိုင်း စက်ဘီးလေးကိုနောက်ကြောင်းပြန်လှည့်လို့ ရေခဲမုန့်ဆိုင်လေးဆီသိုဦးတည်လိုက်ရသည်
ဒုတိယအကြိမ်ဆိုပေမဲ့ ငါ့အတွက်တော့ ဒီခံစားချက်လေးကရိုးမသွားပါဘူး
"ရော့ နင်လည်းစားလေ"
ရေခဲမုန့်လေးကို ကျွန်မ နှုတ်ခမ်းနားကပ်ပေးရင်း ပြောလာသည်
"တော်ပါပြီ နင်သာဝအောင်စားဟုတ်ပြီလား"
"စား ဆိုနေ"
အနည်းငယ်တင်းမာလာသည့် လေသံလေးကြောင့် ကိုယ့်မှာဆက်ပြီးငြင်းဆန်နိုင်စွမ်းမရှိတော့
"အင်းပါ"
သူမ ခွံ့ကျွေးသည့်ရေခဲမုန့်လေးကို တစ်ကိုက် ကိုက်လိုက်ပြီးအရသာခံကြည့်လိုက်သည်
မျက်နှာလိုက်တာမဟုတ်ပေမဲ့ ဒီရေခဲမုန့်က ကျွန်မ စားဖူးသမျှထဲမှာ အချိုမြိန်ဆုံးဘဲ
YOU ARE READING
Memory (Completed)
Fiksi Penggemarကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...