ကျွန်မ အဲ့ဒီလူကိုကြည့်နေတုန်းမှာဘဲ ချယ်ကသူမ ရဲ့နား နားလေးကိုကပ်ကာ တစ်ခုခုပြောလိုက်တာကို မျက်လုံးထောင့်ကနေ မြင်လိုက်ရသည်
ဒီအခြေနေကြီးကြောင့် ရင်ထဲမွန်းကြပ်လာသလိုခံစားလာရသည်
"ငါ သန့်စင်ခန်းခဏသွားဦးမယ်"
ထိုသို့ပြောပြီး သူမ တို့အနားကနေ သန့်စင်ခန်းသို့ ထွက်လာခဲ့လိုက်သည်
ထပ်ပြီး ဘာလို့ သူဖြစ်နေရပြန်တာလည်း သူက ဘာလို့ဒီကျောင်းကိုပြောင်းလာရတာလည်း အမှန်တိုင်းပြောလိုက်လို့ ရရဲ့သားနဲ့ သူမ ကရောဘာလို့ ကျွန်မ ကိုလိမ်ညာနေရတာလည်း
တွေးရင်း တွေးရင်း ရူးချင်လာလို့ မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ချထားလိုက်သည်
ငိုချင်နေတာအရမ်းဘဲ ဒါပေမဲ့ငိုလို့မရဘူး ဝမ်းနည်းစိတ်ကြီးက ရင်ဝမှာတစ်စို့နေလို့ထင်ပါရဲ့
အဲ့ဒီလူရဲ့ အကြည့်တွေကို ပြန်မြင်ယောင်မိတိုင်း ဒေါသဟာငယ်ထိပ်ထိ စောင့်တတ်လာသည်
ကိုယ့် အပိုင်မဟုတ်တဲ့ လူတစ်ယောက်ကို သဝန်တိုရတာ အရမ်းပင်ပန်းတာဘဲ ဒီလိုဘဝကြီးကိုမုန်းလိုက်တာ ကြိုးစားပိုင်ခွင့်လည်းမရှိသလို ဖွင့်ပြောနိုင်ဖို့ရာအတွက်လည်း သတ္တိမရှိပြန်ဘူး
အဲ့ဒီစိတ်တွေနဲ့ဘဲ ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် သိမ်ငယ်စိတ်တွေ ဝင်လာမိတာလည်း အခါခါပါ
ဒေါက် ဒေါက်
"Liliအထဲမှာရှိလား"
တံခါးခေါက်သံနဲ့အတူ ကြားလိုက်ရသည့် အသံလေးကြောင့် ရင်တစ်ခုလုံးဗြောင်းဆန်သွားရသည်
"အင်း ငါ အထဲမှာရှိတယ် ဘာလို့လိုက်လာတာလည်း"
"နင် ကြာနေလို့ လိုက်လာတာခဏနေ ကျောင်းတတ်တော့မယ်"
"အင်း ငါ ဗိုက်တွေနာနေလို့ ခဏနော်"
"အင်းအင်း ငါစောင့်နေမယ်နော်"
ခံစားချက်တွေတည်ငြိမ်သွားအောင် စိတ်ကိုမနည်းလျော့ချရင်း သက်ပြင်းတစ်ချက်ကို တိုးတိုးကလေးချလိုက်သည်
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...