သူမ အခန်းထဲကနေထွက်သွားပြီးတဲ့နောက် အတွေးတွေကြားတစ်ယောက်တည်းနစ်မြုပ်နေခဲ့ရသည်
ကျွန်မ မရှိတဲ့အတောတွင်း ဘာတွေဖြစ်ပျက်ခဲ့လဲ ဘာတွေပြောင်းလည်းသွားလည်းဆိုတာ သိချင်လာမိသည်
ချယ့်ကိုဖုန်းခေါ်ဖို့ပြင်လိုက်ပေမယ့် ခေါင်းထဲ အတွေးတစ်ခုကဝင်ရောက်လာသည်မို့ ဖုန်းကိုအိပ်ရာပေါ်သို့သာပစ်တင်လိုက်ရပြန်သည်
သူမ အကြောင်းတွေတိတ်တဆိတ်စုံစမ်းနေတာကို သူမ သိသွားလို့ဘဲဖြစ်ပါ့မလည်း နောက်ပြီး ဖုန်းပြောတိုင်း ချယ့်ဆီက သူမ နဲ့ပတ်သတ်တဲ့အကြောင်းတွေကိုလည်းမကြားရတာကြာနေပြီမို့ ချယ့်ကိုမေးလိုက်ဖို့ရာအတွက် ဝန်လေးနေမိသည်
ကြံရာမရတဲ့အဆုံး ပြတင်းပေါက်တည့်တည့်က စာကြည့်စားပွဲ၌ ကျောက်ချထားသလို ထိုင်နေလိုက်တော့သည်
စောနကအတွေးတွေရှုပ်ယှက်ခက်နေသလောက် အခုတော့ ခေါင်းထဲမှာ အရာရာနတ္ထိ ရင်ဘက်ထဲမှာလည်းဗလာကြီး ဖြစ်နေပြန်သည်
တစ်ခုခုကို အကြောင်းရင်းမရှိ အကြာကြီးကြည့်နေမိတာဟာ ပုံမှန်တော့ဟုတ်မနေပါဘူး
အခု ကျွန်မ လည်းအဲ့လိုဖြစ်နေသည် ပြတင်းပေါက်ကနေမျက်လုံးထဲပေါ်လာသမျှအရာတိုင်းကို ခံစားချက်မဲ့စွာ လိုက်ကြည့်နေမိသည်
.
.
."Lili"
အသေကောင်လိုမျိုး ထိုင်နေလိုက်တာ အချိန်ဘယ်လောက်ကြာသွားတယ်ရယ်မသိ အနောက်နားက ခေါ်သံလေးကြားမှ စိတ်နဲ့ခန္ဓာပြန်ကပ်ရသည့်အဖြစ်
"အင်း"
သူမ ကိုလည်ပြန်ကြည့်ကာထူးလိုက်ချိန် မြင်လိုက်ရသည့် မျက်နှာလေးကြောင့် ထပ်ပြီးငိုချက်စိတ်တွေဖြစ်လာရပြန်သည်
ပုံမှန်ဆို လွမ်းနေခဲ့ရသည့် မျက်နှာလေးကိုတွေ့လိုက်ရ၍ ပျော်နေရမည်မဟုတ်လား အခုက ဘာလို့ငိုချင်လာရတာလည်း
ငါရူးတော့မယ်ထင်ပါရဲ့ niရယ် ငါဟာ ငါမဟုတ်တော့သလိုမျိုး မဟုတ်သေးဘူး မင်းဟာ မင်းမဟုတ်တော့သလိုမျိုး ငါခံစားနေရတယ် ni
"Lili ဘာတွေအဲ့လောက်ကြည့်နေတာလည်း ငါပြောနေတာကြားရဲ့လား"
သတိထားမိလိုက်တဲ့အချိန်မှာ သူမ ကကျွန်မနဲ့အနီးဆုံးကိုရောက်နေပြီး ကျွန်မ ရဲ့ပခုံးတစ်ဖက်ပေါ်မှာလည်း သူမ ရဲ့လက်ကလေးက နေရာယူလို့နေသည်

YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...