"ကဲဆိုပါဦး နေကောင်းရယ်သားနဲ့ ဘာလို့လိမ်ခေါ်ရတာလဲ ငါဘယ်လောက်စိတ်ပူသွားရလဲသိလား"
တကယ်ပါ သူမက စနောက်ဖို့ကလွဲရင်ဘာမှမသိတဲ့ကောင်မလေး
သက်ပြင်းမောတစ်ချက်ချလို့ သူမဘေးကလွတ်နေတဲ့ နေရာမှာဝင်ထိုင်လိုက်တော့ ရုတ်တရက်လည်ပင်းကိုသိုင်းဖက်လာတဲ့ သူမရဲ့လက်ကေလးတွေကြောင့် လူဟာတိမ်တွေပေါ်လွင့်နေသလိုမျိုးခံစားလိုက်ရသည်
တဆက်တည်းကြားလိုက်ရတဲ့စကားသံလေးအောက်မှာတော့ ဒီလူဟာ အရည်ပျော်လုနီးရပြီပေါ့
"ငါတကယ်နေမကောင်းချင်ဖြစ်နေလို့ပါ ခေါင်းတွေမူးပြီးကိုယ်လက်တွေလေးလံနေတာဘဲ တကယ်နေလို့မကောင်းလို့ နင့်ကိုခေါ်လိုက်တာ ဒီညငါနဲ့အဖော်အိပ်ပေးလေနော်"
ဪတတ်လည်းတတ်နိုင်တဲ့ကောင်မလေး ပါလား
ဒီလိုချွဲနွဲ့တဲ့စကားလေးနဲ့များမဲဆွယ်လိုက်ရင်လေ ကမ္ဘာအဆုံးထိတောင် ကောက်ကောက်ပါအောင်လိုက်ခဲ့မဲ့သူမျိုးပါ"ဟုတ်ပါပြီ အိပ်ပေးပါ့မယ်"
"အွန်း ငါ့အနားမှာနင်ရှိနေလို့တော်ပါသေးရဲ့"
"ဟုတ်ကဲ့ အသိမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ်"
ပျော်စေချင်လို့ စနောက်ကာပြောလိုက်တော့ မျက်စောင်းလှလှလေးတစ်ချက်ဟာ ရင်ဝကိုဒိုင်းကနဲထိမှန်လာလေရဲ့
"အ နာလိုက်တာ niရယ်ဖြေးဖြေးထိုးပါဟ အရင်ဘဝကနဂါးများဝင်စားခဲ့သလားဘဲ"
ကိုယ့်ကိုခြောက်လန့်ထားသည့်ကောင်မလေးကို နည်းနည်းလေးတော့ပြန်စပါရစေ
"မျက်စောင်းထိုးရင်နောင်ဘဝကြမျက်စိဆွေတယ်တဲ့နော် တော်ကြာ...
"ရ နင်မတော်သေးဘူးလား ငါတကယ်စိတ်ဆိုးလာပြီနော် အတည်ပြောတဲ့ဟာကို"
ဟော ကောက်သွားပြီ ဟုတ်ပါ့ ငါကိုကအလိုက်ကန်းဆိုးမသိတာ
စိတ်ဆိုးကာ ကျွန်မ ကိုကျောခိုင်း၍ မွေ့ယာပေါ်သို့လှဲချလိုက်တဲ့ကောင်မလေးကြောင့် ပြုံးမိရသေးသည်
ဪ သူဘဲစိတ်ကောက်နေပါလား
အွန်း ချော့ရပေဦးမည်သူမ ရဲ့ခေါင်းအုံးလေးထပ် တံတောင်ကွေးဖြင့်ထောက်ကာ အပေါ်စီးမှ မျက်နှာလှလှလေးအားငေးမောကြည့်နေမိသည်
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...