Niဆိုတာလေ သူမ စိတ်ကောက်ရင်သာ ချက်ချင်းချော့မှကြိုက်တာ
ကျွန်မ စိတ်ဆိုးတဲ့အခါမှာတော့ လျစ်လျူရှုတတ်တဲ့မိန်းကလေးပါတစ်ခါတလေ မဟုတ်သေးဘူး အမြဲတမ်းပါဘဲ ကိုယ့် ဘာသာစိတ်ဆိုးပြီး ကိုယ့်ဘာသာဘဲ စိတ်ဆိုးပြေလိုက်ရတဲ့ အခိုက်တန့်တွေ ကျွန်မ မှာရှိတယ်
အခုလည်း ကျွန်မ စိတ်ဆိုးသွားမှန်းသိပါရဲ့နဲ့ လိုက်မလာသူ သူမလေးကို အမှတ်မရှိမျှော်နေမိသေးတယ်
အရှက်မရှိလိုက်လေခြင်း ကိုယ့်ကိုယ်ကိုတောင်ပြန်သနားမိလာတယ်
ဒီနေရာမှာအကြာကြီးထိုင်နေလို့မဖြစ်တာမို့ မျက်ရည်စတွေကိုလက်ဖမိုးနဲ့ဆွဲသုတ်လိုက်ပြီး သန့်စင်ခန်းသို့သွားလိုက်သည်
သန့်စင်ခန်းတွင်ဘယ်သူမှရှိမနေတာကိုကျေးဇူးတင်ရမည်
မှန်ထဲတွင်ထင်ဟပ်နေသည့် ကိုယ့်ပုံရိပ်ကိုကြည့်လိုက်ပြီး စိတ်ထဲတွင်ပြောလိုက်သည်က
"ငါဘာလို့ ပျော့ညံ့နေရတာလဲ ဘာလို့ခံစားလွယ်နေရတာလည်း ဒီလိုတွေဖြစ်နေရင် မကြာခင်မှာဘဲ niကိုချစ်နေတာ အားလုံးသိသွားကြလိမ့်မယ် အဲ့လိုဖြစ်လို့မရဘူး ဖြစ်လာမဲ့အရာတွေကိုရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူး ဒီတော့ ငါကြံ့ခိုင်နေမှရမယ် ဟုတ်တယ် ငါသန်မာရမယ် အရာရာတိုင်းကိုလိုက်ခံစားနေလို့မဖြစ်ဘူး"
ကိုယ့်စိတ်ကိုယ်ဆုံးမလိုက်ပြီးနောက် ရေဘဲကိုဖွင့်လို့ မျက်နှာသစ်ပစ်လိုက်သည်
ငိုထားသည်ကိုမရိပ်မိစေရန်အတတ်နိုင်ဆုံးဖုံးကွယ်ရင်း အခန်းထဲသို့ တည်ငြိမ်နေသော မျက်နှာထားဖြင့် ဝင်ခဲ့လိုက်သည်
အတန်းထဲတွင် ကျွန်မ သူငယ်ချင်းသုံးယောက်လည်းရောက်နေကြလေပြီ
သူတို့ကိုလျစ်လျူရှု၍ ကိုယ့်နေရာမှာ ဝင်ထိုင်လိုက်သည် ပြီးနောက် ကျောပိုးအိတ်ထဲရှိ ပုံဆွဲစာအုပ်လေးကိုထုတ်လိုက်ပြီး ချွန်ညှိနေသောခဲသားလေးဖြင့် ဦးတည်ချက်မရှိသော ပုံတစ်ပုံကိုရေးဆွဲနေလိုက်သည်
ဝမ်းနည်းစရာအတွေးတွေကိုဖြေဖျောက်ဖို့ ဒီနည်းလမ်းက အကောင်းဆုံးဖြစ်မှာပါ
YOU ARE READING
Memory (Completed)
Fanficကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...