အခုနောက်ပိုင်း သူမ ကိုကြည့်ရတာတစ်မျိုးဘဲ တစ်ချို့အချိန်တွေမှာလိုတာထက်ပိုပြီး ကျွန်မ အပေါ်ဆိုးတယ် ချွဲတယ် စိတ်ကောက်တယ် အရင်ကထက်ပိုပြီးလည်းချုပ်ချယ်လာတယ်
တခါတလေကျပြန်တော့လည်း ကျွန်မ ကိုမရှိတဲ့လူတစ်ယောက်လိုမျိုး လျစ်လျူရှုထားတတ်တယ် ကျွန်မ အပေါ်အရင်ကထက်လျို့ဝှက်လာခဲ့တယ်
စက္ကန့်နှင့်အမျှ ပြောင်းလဲနေတဲ့ သူမ ရဲ့စိတ်ကို တကယ်နားမလည်နိုင်တော့ဘူး သူမ ကအရင်လိုမဟုတ်တော့သလိုဘဲ
ပြီးတော့ မနက်ဖြန်ဆိုရင် ကျွန်မ ရဲ့မွေးနေ့ကိုရောက်ပြီ အရင်နှစ်တွေတုန်းက တစ်မိနစ်တောင်နောက်ကျမခံဘဲ အချိန်တိကျ မွေးနေ့ဆုတောင်းစကားလေး ကျွန်မ စီအမြဲပို့ပေးနေကြကောင်မလေးက အခုများတော့ဖြင့် မေ့နေသလားမသိ
အိပ်ပျော်သွားလို့များလား ဆယ့်နှစ်နာရီထိုးလို့ ဆယ့်ငါးမိနစ်တောင်လွန်လို့နေပြီ ကျွန်မ အခုချိန်ထိ သူမ ရဲ့မွေးနေ့ဆုတောင်းစာလေးကိုစောင့်နေဆဲပါ
သူမ ဆီကစာရောက်မလာမခြင်း မအိပ်ဘူးဆိုတဲ့ သံဓိဋာန်နဲ့ပေါ့
ဘယ်လိုဘဲ မင်းအချိုးတွေပြောင်းလဲ ပြောင်းလဲ ငါ့မွေးနေ့ကိုတော့ မမေ့သင့်ဘူးမလား ခက်တယ် မျက်ရည်တွေက ကျချင်လာပြန်ပြီ
မင်းနဲ့ပတ်သတ်ရင် ခံစားလွယ်လွန်းလို့ ငါ့ကိုပစ်မထားပါနဲ့လားniရယ်
စိတ်တိုရမဲ့အစား ဝမ်းနည်းနာကျင်လာရသည်
ဒါက သိပ်ချစ်မိသွားလို့များလား"Lili ဘာလုပ်နေတာလည်း"
"ဟင် ni ဘယ်လိုလုပ်ပြီးရောက်လာတာလည်း ငါကနင်အိပ်နေပြီ ထင်နေတာ"
ကျလုစဲမျက်ရည်တွေဟာ သူမ ရဲ့စကားသံလေးကြောင့် ရပ်တန့်သွားခဲ့လေသည်
သူမ ကကျွန်မရဲ့အရာအားလုံးကိုထိန်းချုပ်နိုင်တဲ့ တစ်ဦးတည်းသောမိန်းကလေးပါဘဲ
"အင်း အိပ်မပျော်လို့ နင့်ဆီလာခဲ့တာ"
"သန်းခေါင်ကျော်နေပြီကို ဘာလို့လာရတာလည်း ဖုန်ဆက်လိုက်လည်းရနေတာကို ငါလာခေါ်မှာပေါ့"
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...