အပိုင်း(၁)

291 13 0
                                    

      မိုးများသည်းထန်စွာ ရွာသွန်းနေသည်... လျှပ်စီးများကလဲကောင်းကင်ပြင်၌ လက်နေသည်။မီးများကပါ  ပျက်နေသောကြောင့် ပြင်ပမှလျှပ်စီး၏အလင်းကို   အခန်းအတွင်းမှကောင်းစွာမြင်နေရသည်။
               သည်းနေသောမိုးသံနှင့်အတူ တဖျက်ဖျက်လက်နေသည့်   လျှပ်စီးအလင်းတို့ကြား   ဒီညကိုဘယ်လိုများအိပ်ရမှာပါလိမ့်......

စိတ်ထဲမှာတော့  အနားမှာလာအိပ်ပေးမဲ့သူကို
  မျှော်လင့်မိပါသည်။ဘယ်သူ့ကိုခေါ်ရမည်နည်း
ညအိပ်ချိန်မို့ တအိမ်သားလုံးလဲအိပ်ကြပြီ၊ဘယ်သူ့ကိုခေါ်လို့ခေါ်ရမှန်းမသိ    မီးကပျက်နေတော့

အောက်ထပ်ဆင်းဖို့လဲမရဲနဲ့   ကြောက်ကြောက်နှင့် စောင်ကိုသာခေါင်းမြီးခြုံထားရသည်။
            လူတစ်ကိုယ်လုံးလဲချွေးတွေကရွှဲနေပြီး
ခြေတွေရောလက်တွေရောမှာအေးစက်နေသည်။
ထိုအချိန်...

"သမီး....သမီးလေး..ဒါဒါ..” .....
              ထိုအသံ...ထိုအသံကိုကြားလိုက်သည်နှင့်   အလွန်အားတက်သွားသည်။
စောင့်မျှော်နေသော   အားကိုးရာမို့  ခပ်မြန်မြန်ပင်စောင်ခြုံထဲမှထွက်၍ပြေးဖက်လိုက်မိတော့၏။
   
           "အန်တီကလျာရယ်...သမီးလေကြောက်လို့သေတော့မှာပဲ....အန်တီသာမလာရင်သမီး...ဒီညကိုဘယ်လိုအိပ်ရမလဲတောင်မသိတော့ဘူး”....

သူမ၏ရင်ခွင်ထဲပြေးဝင်လာသည့်ဒါဒါ့ကိုအန်တီကပြန်လည်ပွေ့ဖက်ထားရင်း
"ကြည့်ပါဦး   ချွေးတွေလဲရွှဲလို့  ကဲလာလာ  နက်ဖြန်ကျောင်းလဲသွားရမှာ အိပ်တော့နော်   လာလာအန်တီသိပ်မယ်”.....ဟုအန်တီကချော့ရင်း

အိပ်ယာပေါ်ပြန်လည်လှဲစေပြီး  စောင်ကိုသေချာခြုံပေးကာ ခေါင်းကိုပွတ်သပ်ရင်း
         "စိတ်ချလက်ချအိပ်နော်သမီးလေး...သမီးလေးအိပ်ပျော်မှအန်တီအောက်ပြန်ဆင်းမယ်သိလား....အိမ်မက်လှလှမက်ပါစေသမီးရယ်”....လို့ပြောရင်းဒါဒါ့ကိုခလေးသဖွယ်ချော့သိပ်သောကြောင့်

      ထိုညကိုဒါဒါကောင်းမွန်စွာအိပ်စက်နိုင်ခဲ့ပါသည်။မိုးမင်းကြီးနှင့်လျှပ်စီးတို့ကိုများစွာကျေးဇူးတင်လိုက်၏။....


လိုအပ်ချက်များစွာဖြင့်

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now