တပတ်...တပတ်ဆိုတဲ့အချိန်ကာလ...တစ်ရက်ဟာတစ်နှစ်မကအောင်ရှည်ကြာသလိုပဲ...
လူလဲပေါ်မလာ၊စာလဲမလာ ရင်ထဲမှာပြာကျတော့မလိုပူလောင်နေရတာတွေကို တစ်ယောက်သောသူဟာသိပါ့မလား....
"ကလျာ...နေရောကောင်းရဲ့လား...လူလဲဖြူဖတ်ဖြူရော်နဲ့.”.....
"နေကောင်းပေမဲ့ စိတ်မကောင်းနေတာပါ ဝါရယ်...စိုးရဲ့သတင်းလေးဘာလေးများ မကြားမိဘူးလားဟင်!.. တပတ်ဆိုပြီးပျောက်နေလိုက်တာ..ခုထိပေါ်မလာသေးဘူး....ကလျာရင်တွေပူလှပြီဝါရယ်.”
နားမလည်နိုင်တော့သောမျက်လုံးအစုံတို့ဖြင့်ကြည့်ကာ...
"ကလျာ...နင်ဘယ်လိုတွေတောင်ဖြစ်ကုန်တာလဲဟာ....နင့်ကိုယ်နင်မမြင်နိုင်တော့အောင် ဖြစ်နေပြီသိရဲ့လား...စိုးက အစကတည်းကရှုပ်တာနင် အသိဆုံး ပဲ ....မမြင်နိုင်ဆုံးကလဲနင်ဖြစ်နေတယ်။...အခု...ဘယ်မှာလဲနင်ယုံကြည်နေတဲ့မျှော်လင့်နေတဲ့ သူကနင့်ဆီတကြိမ်လေးတောင်ရောက်လာခဲ့သလား.. ....
နင်အသိမှန်တွေဝင်စမ်းပါဟာ...ပြန်ဝင်စမ်းပါ....ငါမပြောတော့ဘူးလို့စဥ်းစားထားပေမဲ့...မပြောလို့မရတော့ဘူး....အေးနင်ယုံကြည်ပြီးမျှော်လင့်နေတဲ့ စိုးဆိုတဲ့အဲ့မိန်းမကလေ နင်မဟုတ်တဲ့တခြားသူနဲ့ဘဝထူထောင်တော့မှာ.....လက်ထပ်ပြီးနိုင်ငံခြားကိုလိုက်ထွက်တော့မှာတဲ့ သိရဲ့လား...နင်ကသာအရူးတစ်ယောက်လို တွယ်ကပ်နေတာ ဟိုကနင့်ကို...နင့်ကို....”
ပြောရင်းမျက်ရည်တွေကျနေသော ဝါ"တော်ပါ...တော်ပါတော့ဝါရယ်....စိုး..ကအဲ့ဒီလိုလုပ်မဲ့သူမျိုးမဟုတ်ပါဘူး...ကလျာ့ကိုလေ..သူကသိပ်ချစ်တာဝါရဲ့...ဝါကြားလာတာအမှားတွေလဲဖစ်နိုင်တာပဲလေဝါရယ်....မှားနေနိုင်တာပဲ....ဟုတ်တယ်...မှားတာပဲနေမှာ...ဝါကြားလာတာတွေမှားတာပဲနေမှာ....မှားနေတာ”...
ရင်ခွင်တခုလုံးစုတ်ပြတ်သတ် တစ်စစီကြွေမွသွားသလားမသိတော့...
"ကလျာရယ်..”
မျက်ရည်တွေဘယ်ကနေဘယ်လိုကျလာမှန်းလဲမသိတော့....ကြားခဲ့သောစကားများဟာ အမှန်မဟုတ်ပါစေနဲ့....မဖြစ်ပါရစေနဲ့.....မဖြစ်ပါစေနဲ့....
![](https://img.wattpad.com/cover/325777078-288-k376624.jpg)
YOU ARE READING
ပန်းတစ်ပွင့်ဒိုင်ယာရီ
Romance"ဒါဒါကလေ ဘယ်တော့မှပန်းမဖြစ်ချင်ဘူး ငြိုးနွမ်းခြောက်သွေ့သွားမှာဆိုးလို့သိလား".....အေးနန္ဒာ "ပန်းလေးရဲ့အလှဟာ ငြိုးနွမ်းဦး၊ခြောက်သွေ့ဦး၊အလှပျက်ပြယ်ဦးတော့ တန်ဖိုးထားတက်တဲ့သူအတွက်ဆိုရင်တော့ ပွင့်သစ်စအဖူးအငုံလေးအဖြစ်အမြဲရှိနေမှာပါ သမီးရယ်"...