အပိုင်း(၃)

124 8 0
                                    

"ဟယ်လိုမမသက်သက်...ဘယ်နေ့ပြန်လာမှာလဲလို့ ”
        "ဒီနေ့ပဲ ညကားစီးပြီးပြန်လာမှာပါမိဒါဒါရဲ့ ”
"သမီးကမမသက်သက်တို့အိမ်မှာပျော်နေပြီ ပြန်တောင်မပြန်ချင်တော့ဘူး ဖွားဖွားမေနဲ့အန်တီကလျာတို့ကလဲ အရမ်းကောင်းတော့ဒါဒါ မပြန်ချင်တော့ဘူးသိလား မမသက်သက်ပဲလိုတော့တာသိလား”

                "အေးပါ  ပြန်လာမှာမပူနဲ့  ဒါဒါကြိုက်တဲ့မုန့်တွေလဲဝယ်လာတယ်သိလား..ကဲကဲဒါဆိုမနက်ဖြန်မှတွေ့မယ်နော် လိလိမ္မာမ္မာနေကြားလား”
    "ဟုတ်မမသက်သက်အစစအရာရာဂရုစိုက်နော် ဒါဒါမျှော်နေမယ်  bye bye”..ဟု​ပြောရင်းဖုန်းချလိုက်တော့သည်။

မနက်စာစားပြီးကျောင်းသွားခါနီး မမသက်သက်ဆီကိုဖုန်းဆက်ရသေးသည်။

"ဒါဒါ ကျောင်းသွားတော့မလား အချိန်ရသေးရင်ခဏစောင့်ပေးပါဦးကွယ် အန်တီနည်းနည်းလောက်ပြင်လိုက်ဦးမယ် ခဏလေးပါ”
        "ဟုတ်ဟုတ်ရတယ်အန်တီကလျာရေ အလှဆုံးလေးဖြစ်အောင်သာပြင်နော်ဟိဟိ”...ဟုလှမ်းစလိုက်တော့အန်တီကရီရင်းအခန်းထဲခပ်သုတ်သုတ်ဝင်သွားပြီး  ဆယ့်ငါးမိနစ်လောက်ကြာတော့ပြန်ထွက်လာသည်။

နတ်သမီးများနတ်သက်ကြွေလာလေသလား..လှလိုက်ကျက်သရေရှိလိုက်လေခြင်း...မြန်မာဝမ်းဆက်လေးကိုဝတ်ဆင်ထားပြီးဆံထုံးလေးကိုထုံးထားသေးသည့်အပြင်နှင်းဆီအနီလေးကိုပါပန်ဆင်ထားတာကြောင့်ကြည့်မဝနိုင်ပေ။

"ဟိတ်...ကောင်မလေး ဘာတွေငေးနေတာလဲ လူကိုမျက်တောင်မခတ်ပဲငေးနေတာ တခုခုများဖြစ်နေလို့လားဟင်” ..ဟုအန်တီကလျာမေးမှသတိပြန်ဝင်လာပြီး
             "အန်တီကလျာကလှလွန်းလို့ သမီးကငေးနေတာပါ တကယ်ကိုလှရက်လွန်းတာပါအန်တီရယ်”
"အဲ့လောက်လဲမဟုတ်ပါဘူးကွယ်..ကဲကဲကားပေါ်တက်နောက်ကျနေမယ်သွားရအောင်နော်”..
            "ဟုတ်”
အန်တီကအလုပ်သွားရင်းတလက်စထဲကျောင်းကိုလိုက်ပို့လို့အတိုင်းအထက်အလွန်ပျော်ရပါသည်။

ဒီလိုရက်ကလေးတွေဆီကိုရောက်ဖို့ ဒါဒါစိတ်ကူးထားခဲ့ရတာကြာခဲ့ပါပြီ။အန်တီကတော့သိမှာမဟုတ်ပေမဲ့ ဒါဒါ့အတွက်တော့ဒီအချိန်လေးတွေကိုဖြစ်နိုင်လျှငိကုန်မှာကိုစိုးမိသည်။ကားမောင်းနေသည့် အန်တီကလျာ့ကိုကြည့်ရင်းကျောင်းရောက်လို့ရောက်နေမှန်းလဲမသိ အန်တီပြောတော့မှသိတော့သည်။အန်တီကတော့အလုပ်ရှိသေးတာကြောင့်ညမှတွေ့မည်ဆိုပြီးပြောကာကျောင်း၌ဒါဒါ့ကိုချခဲ့ပြီးအလုပ်ရှိရာသို့ဆက်နှင်လေသည်။

လိုအပ်ချကိများစွာဖြင့်.....

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now