ခေါင်းကလေးကိုပွတ်ပြီး မျက်ရည်စက်လေးများကိုသုတ်ပေးတော့ ဒီလူ့အဖို့တော့အသည်းနှလုံးကအထိန်းအကွပ်မရှိ ဒလဟောချစ်ခြင်းမေတ္တာများကလျှံကျလို့သာလာတော့၏။
"ကဲသမီးစိတ်ပူတယ်ဆိုရင် အန်တီနောက်မဖြစ်အောင်ဂရုစိုက်မယ်နော်..ဟုတ်ပြီလား..အခုတော့တိတ်ပါကွယ်..နော်..အန်တီအခုတရေးအိပ်ပြီးရင်သက်သာပါပြီ...သမီးစိတ်ချအောင်အန်တီအခုပဲအိပ်မယ်...သမီးကထိုင်စောင့်ပေးဟုတ်ပြီလား...မငိူနဲ့တိတ်တော့..တိတ်တော့”........
အန်တီ့ဆီကဒီလိုလေးကြားရတော့အားရဝမ်းသာနဲ့ချက်ချငိးမျက်ရည်များသုတ်လိုက်ပြီးအန်တီ့ကိုစောင်ခြုံပေးလိုက်တော့သည်။ဖက်ထားချင်စိတ်ကိုတော့မနည်းထိန်းချုပ်ထားရ၏။
အနားရှိထိုင်ခုံလေးယူပြီးကုတင်နားထိုင်ကာအန်တီ့လက်ကလေးများကိုဆုပ်ကိုင်ထားလိုက်ရာ...ခဏအကြာတော့အန်တီလဲအိပ်ပျော်သွားတော့သည်။
အိပ်ပျော်နေသည့်အန်တီ့၏မျကိနှာလေးမှာ ခလေးငယ်လေးသဖွယ်ပင်..သိပ်ကိုဖြူစင်အေးချမ်းသည့်အန်တီ...ဒီလိုသာခဏခဏဖြစ်ရင်ဒါဒါတော့ရူးမှာပဲအန်တီရယ်..ကျေးဇူးပြုပြီးထပ်မဖြစ်ပါနဲ့တော့နော်.....
လိုအပ်ချက်များစွာဖြင့်.....
YOU ARE READING
ပန်းတစ်ပွင့်ဒိုင်ယာရီ
Romantizm"ဒါဒါကလေ ဘယ်တော့မှပန်းမဖြစ်ချင်ဘူး ငြိုးနွမ်းခြောက်သွေ့သွားမှာဆိုးလို့သိလား".....အေးနန္ဒာ "ပန်းလေးရဲ့အလှဟာ ငြိုးနွမ်းဦး၊ခြောက်သွေ့ဦး၊အလှပျက်ပြယ်ဦးတော့ တန်ဖိုးထားတက်တဲ့သူအတွက်ဆိုရင်တော့ ပွင့်သစ်စအဖူးအငုံလေးအဖြစ်အမြဲရှိနေမှာပါ သမီးရယ်"...