အပိုင်း( ၂၄)

63 5 2
                                    

"အန်တီ”...

"ရှင်”

"အန်တီနဲ့မေမေက အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဆို ဖေဖေပြောပြတာ...”...

"ဟုတ်တယ်သမီးရဲ့...ဝါ ကလေသိပ်ချစ်စရာကောင်းတာ သမီးလေးနဲ့ရုပ်ရောပုံစံလေးတွေရောသိပ်ကိုတူတာ, ....ပွင့်ပွင့်လင်းလင်း၊သွက်သွက်လေးနဲ့ စိတ်ရင်းသိပ်ကောင်းပြီး အယုံကြည်ရဆုံးအချစ်ရဆုံး သူငယ်ချင်းတွေပေါ့ကွယ်”......

"ဒါဒါလေတခါတလေကျရင် မေမေ့ကိုတခါလောက်လေးပဲ ဖြစ်ဖြစ်သိပ်တွေ့ချင်တာပဲ
ဖေဖေကတော့လိုလေသေးမရှိအောင်ထားပါတယ် ....ဒါမဲ့အမေဆိုတာကိုလဲလိုချင်မိ၊လွမ်းမိတာမျိုးတော့ရှိတာပေါ့နော်......ဒါနဲ့..အန်တီအဖေတွေအမေတွေကရော ဆုံးသွားကြတာကြာပြီလား..”.

"အင်း..ကြာပြီ..”
အန်တီ့မျက်နှာငြိုးသွားသည်ကို
သတိထားမိလိုက်သည်။

မေးတာများမှားသွားပြီလား...မေးပြီးမှစဥ်းစားမိရသလားငတုံးမရဲ့...ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်မိသည်။

စကားလမ်းကြောင်းလွှဲလိုက်တာပိုကောင်းမည်။

"အရင်ကတော့ဒါဒါ့မှာချစ်ရတာဖေဖေပဲရှိခဲ့တာ..အခုတော့နောက်ထပ်တစ်ယောက်တိုးသွားပြီလေ....တိုးသွားတာမှဟိုးနှလုံးသားအတွင်းထဲအထိနက်နက်ရှိုင်းရှိုင်းတိုးဝင်သွားတာသိလား”...

ငြိုးသွားသောမျက်နှာလေးကပြန်ဝင်းသွားပြီး..

"အမလေးအတက်စိန်လေး....စကားတွေတော်တော်တက်တယ်နော်”....

"တက်ရတာပေါ့...ကိုယ်ချစ်မိတဲ့သူက တည်ငြိမ်လွန်းတော့ ကိုယ့်ဘက်မပါပါအောင်ဆွဲရတော့မှာဆိုတော့ တက်ထားရတာပေါ့လို့...
.အန်တီ....ချစ်တယ်လို့...အဖြေပြန်ပေးဦးလေ...စောင့်ရတာကြာပေါ့”...

"ဟင်..ပြောနေတာတွေနဲ့လဲမဆိုင်ပဲ ပါလာပြန်ပြီကြည့်...စဥ်းစားဦးမယ်လို့ဆိုမှ..”.....

"မြန်မြန်စဥ်းစားလေကွာ...စောင့်ရတဲ့သူက သစ်ကုလားအုတ်ဖြစ်နေပြီလို့...အွန်းပေါ့လေ..ချစ်တဲ့သူလေးရဲ့စကားဆိုတော့လဲနားထောင်ရမှာပေါ့လေ”........

"ကောင်မစုတ်လေး”.......အားရပါးရရီပြီး.ပါးနှစ်ဖက်ကိုလာညစ်နေလိုက်တာများ လူကဘယ်လိုဖြစ်သွားမှန်းတောင်မသိ...။

"အား...အား.”

"ဟော..ဘာဖြစ်တာလဲ”
.....
"အချစ်ဆိပ်တွေတက်လာလို့လေ..ဟီးဟီး..”

"သြော်...အချစ်ဆိပ်တက်နေတယ်ဟုတ်လား..ကျသွားအောင်..ဗိုက်ခေါက်လေးဆွဲလိမ်ပေးမှပဲ..”......

"ဟာ...မလုပ်ရဘူးလေ....ဟွန့်...ဒီကနာသွားရင်..အာဘွားတွေလှိမ့်ပေးပြစ်မှာနော်..ဟင်းဟင်း.......”

"ကြည့်စမ်းပြောလေကဲလေလေး......”

"အားနာတယ်..တကယ်ကြီးလိမ်တာ....တကယ်နာသွားပြီ.”.......တယ်လဲလက်သံပြောင်ချက်

"နာပြီလား...မှတ်ပလား..”

"ဟုတ်ကဲ့ပါ..မှတ်ချငိသလိုတော့ရှိပါပြီ..”

သူများကိုနာအောင်လုပ်ပြီး...ကျေနပ်နေသည့်မျက်နှာပေးလုပ်နေလိုက်တာများဘယ်လိုချစ်စရာကောင်းမှန်းမသိ.....နာတာနာသာဒီလိုနာတာလေးကိုပဲကျေနပ်နေရတာပါပဲ။
အွန်း..ချစ်တဲ့ဒီကအရူးအမူးချစ်ရတာကို.....

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now