အပိုင်း(၄)

97 8 0
                                    

ကျောင်းဆင်းပြီးသော်လဲသူငယ်ချင်းတွေကမုန့်သွားစားကြမည်ဆိုသည်နှင့်သွားကြရာအိမ်ကိုညနေ၆နာရီကျော်မှပြန်ရောက်သည်။

         ဧည့်ခန်းထဲတွင်တီဗီကြည့်နေသောဖွားဖွားမေအား
"ဖွားဖွားမေ သမီးပြန်လာပြီရှင့်...ဒီနေ့သူငယ်ချင်းတွေကမုန့်သွားစားမယ်ဆိုပြီးခေါ်တာနဲ့ပြန်တာနည်းနည်းနောက်ကျသွားတယ်ရှင့်  ပြီးတော့ဖွားဖွားမေနဲ့အန်တီ့အတွက်လဲသမီးမုန့်လေးတွေဝယ်လာတယ်”  ဟုပြောရင်းဖွားဖွားမေးဘေးတွင်ဝင်ထိုင်လိုက်သည်။

"နောက်ကျတယ်လဲမဟုတ်ပါဘူးဒီအချိန်ကပုံမှန်လောက်ပါပဲမြေးရဲ့..မုန့်တွေဝယ်လာတယ် ငါ့မြေးတော့မုန့်ဖိုးတွေကုန်တော့မှာပဲ  မဝယ်လဲရပါတယ်ကွယ်”

          "မဟုတ်တာဖွားဖွားေမရဲ့သမီးကကျွေးချင်လို့ပါ...ဒါနဲ့အန်တီကလျာပြန်မရောက်သေးဘူးလားဟင်. .မတွေ့မိဘူး”  ဟုမေးလိုက်တော့

"သြော်..သမီးအန်တီကဖုန်းဆက်တယ်..ညစာစားပွဲတခုဖိတ်ထားလို့အလုပ်ကအပြန်တခါထဲတန်းသွားလိုက်မယ်တဲ့ နည်းနည်းနောက်ကျမယ်စိတ်မပူပါနဲ့တဲ့ ဒါနဲ့ရေမိုးချိုးလိုက်ဦးလေသမီးပြီးရင်တို့တွေထမင်းစားကြရအောင်”...
            "ဟုတ်ဖွားဖွားမေအဲ့တာဆိုခဏစောင့်ပေးနော်သမီးမြန်မြန်လုပ်လိုက်မယ်”    ဟုပြောပြီးဖွားဖွားမေဘေးကထလာပြီးအခန်းဆီသို့အမြန်​ပြေးတက်သွားလိုက်တော့သည်။   

ရေမိုးချိုးထမင်းစားပြီးသော်လည်းအန်တီကလျာပြန်ရောက်မလာသေးတာကြောင့်စိတ်ပူမိပါသည်။ထို့ကြောင့်ဗိုက်တင်းလို့ခြံထဲလမ်းဆင်းလျှောက်ဦးမယ်ဆိုပြီးခြံထဲထွက်လာကာအန်တီပြန်လာမည်ကိုမျှော်မိသည်။

  လမ်းလျှောက်နေရင်းဆယ့်ငါးမိနစ်လောက်အကြာမှာတော့ခြံရှေ့သို့အန်တီ့ကားလေးရောက်လာပြီးဟွန်းတီးလိုက်ရာ ဦးဘသိန်းကခြံတံခါးပြေးဖွင့်လိုက်၏။  

ကားဂိုဒေါင်ထဲထည့်ပြီးအန်တီကားပေါ်ကဆင်းလာတော့အန်တီ့ကိုအပြေးအလွှားကြိုမိသည်။

         "သမီး  ..အပြင်မှာခြင်ကိုက်မယ်လေ..အကြာကြီးမနေနဲ့..ဒါနဲ့  ညစာရောစားပြီးပြီလား”

"ဟုတ်စားပြီးပြီ..ဗိုက်တင်းနေတာနဲ့လမ်းထွက်လျှောက်ရင်းအန်တီကလျာပြန်လာတာကိုစောင့်နေတာ..အန်တီအိတ်ကိုသမီးကိုပေးသယ်ပေးမယ်”...ဟုပြောရင်းအန်တီ့အိတ်ကိုသယ်ပေးရင်းအိမ်ထဲသို့အတူလိုက်ဝင်လိုက်တော့သည်။

လိုအပ်ချက်များစွာဖြင့်....

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now