အပိုင်း ( ၂၈)

58 4 0
                                    

"ဖြန်း”.....
ပါးပြင်ပေါ်သို့ကျရောက်လာသော အမေ့၏လက်ဖဝါး.....

"ခွေးထက်မိုက်တဲ့ကောင်မ...နင်အရှက်မရှိဘူး လား..  လူကြားလို့မှမကောင်း မိန်းမချင်းများတွဲရတယ်လို့...ချစ်ရတယ်လို့ဟယ် ငါ့မျက်နှာကိုဘယ်နားထားရမယ်မှန်းမသိ... မသီတို့ကိုငါဘယ်လိုရင်ဆိုင်ရမလဲဟဲ့.”........

ဒေါသတွေအပြည့်နဲ့ အမေ့ရဲ့ပါးစပ်မှထွက်လာသောစကားသံများပင်...။

"အမေရိုက်ပါ...ကျေနပ်တဲ့အထိရိုက်ပါ...ဒါပေမဲ့...အမေရယ်လူလူချင်းတစ်ယောက်ကိုတစ်ယောက် မေတ္တာရှိတဲ့နေရာမှာ ယောကျ်ားနဲ့မိန်းမမှ ဖြစ်ရမယ်လို့ ပုံသေသတ်မှတ်လို့မှမရပဲ...သူ့သဘာဝဖြစ်တည်လာတာကို မတားပါရစေနဲ့အမေရယ်.”......

"တိတ်စမ်း...နင်ကဘာသိလို့လဲ...နင့်ဟာမအကြောင်းကိုလဲ မောင်ကျော်စွာ့ဆီကအကုန်ကြားထားပြီးသား...
အဖေကဖောက်ပြန်၊အမေကလောင်းကစားအလုပ်နဲ့ကြီးပွားရပ်တည်နေတာ သမီးဖြစ်သူက ဘာလို့ဘာမှန်းရေရေရာရာမသိ ယောကျာ်းတကာနဲ့လဲတွဲ၊မိန်းမတကာနဲ့လဲခပ်ရှုပ်ရှုပ်...
ဒီလိုဟာမျိုးတွေနဲ့ပတ်သက်တဲ့နင့်ကို ငါ့သမီးလို့ပြောရမှာငါရှက်တယ်...ရှက်တယ်ကလျာရဲ့”...

ဒေါသရိပ်တွေဖုံးလွမ်းနေသော အမေ့၏မျက်နှာ၊အကြည့်တို့နှင့် ကလျာရင်မဆိုင်ချင်...

"မိန်းမရာ..တော်ပါတော့ကွာ..ခလေးတွေပဲ မှားတက်ကြမှာပေါ့ ဒေါသဖြစ်နေမဲ့အစား ပြေလည်ရာပြေလည်ကြောင်းလေး စဥ်းစားကြရအောင်ပါကွာ.”..

"ရှင်တို့လို လူတွေကတော့ ပြေလည်ရာပြေလည်ကြောင်းစဥ်းစားနိုင်တာပေါ့  ကျွန်မ
ကတော့မစဥ်းစားနိုင်ဘူးတော်ရေ...မျိုးရိုးထဲလဲဒါမျိုးမရှိခဲ့ဖူးဘူး...
မိဘကကောင်းစေချင်လို့ စီစဥ်ပေးတဲ့သူကိုကြတော့ အရိုးများသလေး၊ချီးခါးသလေးနဲ့
ဒီလိုမျိုးမစစ်တဲ့ဟာတွေကျတော့ နင်ကသိပ်ကြိုက်တယ်ပေါ့လေ...”

"အမေအဲ့လိုမပြောပါနဲ့ စိုး ဘဝကသနားစရာကောင်းပါတယ်....သူများမျက်ချေးကိုကျတော့မွငျပွီး ကိုယ့်မျက်ချေးကိုမမြင်တဲ့ ကျော်စွာ့လိုကောင်မျိုးကိုသာ..အမေအရင်မြင်အောင်ကြည့်သင့်တာပါ...”..

"တောက်....နင်ကတော်တော်နှုတ်သီးကောင်း၊ရှားပါးလုပ်နေတယ်ပေါ့လေ..မအေကိုများပြန်ခံပြောနေလိုက်တာ ..ငါမွေးထားလို့လူဖြစ်ရတာကိုများ ငါ့ကိုပြန်အာခံချင်နေသေးတယ်
...ဒီနေ့ဒီအချိန်ကစပြီးအဲ့ဟာမနဲ့ဇာတ်လမ်းကိုဖြတ်ပြီး မောင်ကျော်စွာနဲ့လက်ထပ်ဖို့ပြင်ထား  ..ဒါငါ့အမိန့်ပဲ...
အေးငါ့အမိန့်ကို လွန်ဆန်ဖို့ကြိုးစားမယ်ဆိုရင်တော့...မိကလျာ...နင်ဒီတသက်ငါ့ကိုအမေလို့လဲခေါ်စရာမလို..သေခန်းပြတ်ပဲ...”.....

ရွေးချယ်စရာမရှိတော့အောင် ကျဥ်းထဲကြပ်ထဲပို့နေသူမိခင်ကိုစိတ်ကုန်သည်။ဘာမှဝင်မပြောနိုင်၊မတားနိုင်သည့်အဖေ့ကိုလဲအပြစ်မဆိုချင်တော့....ပြတ်ပြတ်သားသားဆုံးဖြတ်မိသည်မှာ...

"စိတ်ချပါ...ကလျာဘယ်တော့မှပြန်မလာပါဘူး...မတွေ့လဲမတွေ့စေရပါဘူး...ကလျာကတော့ စိုးကိုပဲရွေးချယ်မှာပါ...ဒါကလျာ့ဆုံးဖြတ်ချက်ပါ...သမီးကန်တော့ခဲ့ပါတယ်.”......

ပြတ်ပြတ်သားသားဆုံးဖြတ်မှုကို ကြားလိုက်ကြရပြီးနောက် အမေဟာ ဆိုဖာပေါ် အရုပ်ကြိုးပြတ်ထိုင်ချကာအံ့သြရင်း ကျန်ရစ်ခဲ့တော့သည်။

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now