အပိုင်း ( ၂၉)

62 3 0
                                    

"ကလျာရယ် နင်အဲ့လိုစိတ်ထင်တိုင်းလုပ်တာတော့ဘယ်ကောင်းမလဲ...နင်ကျော်စွာနဲ့လက်မထပ်ချင်တာငါသိပါတယ်..နားလည်တယ်..ဒါပေမဲ့..စိုး..အတွက်နဲ့နင်ဒီလိုလုပ်ဖို့လုပ်လို့လားဟယ်.”......

"ငါမသိဘူး..ဝါ..ရယ်..ငါစိုးကိုသိပ်ချစ်တယ်...သူမရှိပဲငါမနေနိုင်ဘူးဝါရဲ့”
......
ဝါ့မျက်နှာတွင်စိတ်ပျက်မှုများကိုအထင်းသားတွေ့နေရသည်။

"နင်ကသာချစ်နေတာကလျာ...အခုစိုးကနင့်အနားမှာတောင်ရှိနေရဲ့လား......sorryပါသူငယ်ချင်းရယ်..ငါဘာဆက်ပြောရမယ်မှန်းကိုမသိဘူး”......

"ရပါတယ် ဝါ.ရယ်ငါနားလည်ပါတယ်...စိုးအကြောင်းလဲနင်သိရဲ့သားနဲ့ ငါ့ကိုတော့သူကတကယ်ချစ်တာပါ.”

"ကလျာ...ရွေးချယ်ပြီးမှတော့ ကံကောင်းပါစေပဲဆုတောင်းဖို့ပဲရှိတော့တာပဲ...ငါကတော့နင့်ဘက်ကအမြဲရပ်တည်ပေးမှာပါ”.....

"ကျေးဇူးပါဝါရယ်...ငါ့မှာလေ..နင်ရယ်၊ကိုလတ်ရယ်၊ကြီးမေရယ်၊ စိုးရယ် ရှိနေလို့သာပေါ့ဟာ”
...
ဘာကိစ္စဖြစ်ဖြစ်အမြဲအတူရပ်တည်ပေးသော ဝါ့ကြောင့်အားရှိရပါသည်။

အမေနဲ့စကားများပြီး စိတ်ရောလူရောပင်ပန်းတာမို့ကျောင်းမတက်နိုင်တာကြောင့်တစ်ပတ်လောက်နားထားရာအခုမှပြန်တက်ရ၏။

နားထားသည့်ရက်တွေအတွင်း ဝါကတော့တစ်ရက်မှမပြတ်လာသော်ငြား စိုးရဲ့အရိပ်အယောင်ကိုတော့မတွေ့ခဲ့ရ.....
ကျောင်းရောက်တော့အပြေးရှာမိသည်မှာ စိုး ကိုပင်....

အတူထိုင်နေကြခုံလေးမှာ.စိုးထိုင်နေတာမို့အားရဝမ်းသာပြေးကာ..နောက်ကျောမှသိုင်းဖက်ထားလိုက်သည်။

"စိုးရယ်...စိုးကသိပ်ရက်စက်တာပဲ..ကလျာ့သတင်းတွေကြားလျှက်နဲ့ တခါလေးတောင်မလာခဲ့ဘူးနော်”.......

"အင်း...စိုး လာမလို့ပါပဲ...ဒါပေမဲ့ အလုပ်လေးတွေရှိနေသေးတော့မလာဖြစ်တာပါ..”

"ဟင်း...ကလျာ့ကိုမချော့တော့ဘူးလား..စိုးရဲ့...ဒီကမလာလို့ စိတ်ကောက်ချင်နေတာနော်..”...

"ချော့မှာပေါ့ကလျာရယ်...နောက်မှပေါ့..စိုး..ကိစ္စရှိသေးလို့အရင်သွားနှင့်မယ်..ညနေမှတွေ့မယ်ဟုတ်ပြီလား...”

သိုင်းထားသောလက်တို့ကိုဖယ်ကာ အေးအေးဆေးဆေးပင်ပြောပြီးနေရာမှထွက်သွားလေသော စိုး၏ကျောပြင်တို့ကိုကြည့်ကာနားလည်ရခက်မိသည်။

"ကလျာရယ်...ကိုယ်တစ်ယောက်လုံးရှိနေတာတောင် ဒါတွေစိတ်ဝင်စားနေရသေးလားကွာ..”
.
အနောက်ဘက်မှလာရာအသံကိုလှည့်လိုက်ရာ..ကျော်စွာပင်....

"ဒါတွေနင်နဲ့မဆိုင်ပါဘူး...ဒါငါ့ကိစ္စပါ.”.....
ဆက်မပြောလိုတာမို့ထွက်လာရာ...လက်ကိုလှမ်းဆွဲခံလိုက်ရတာကြောင့်...

"ကျော်စွာ...ငါ့လက်ကိုလွှတ်နော်..နင်နဲ့ပြောစရာစကားလဲမရှိဘူး..နောက်ကိုအနေအထိုင်ဆင်ခြင်ပါ..ငါနဲ့မပတ်သက်ပါနဲ့...ဒီလိုဆွဲလားရမ်းလာအပြုအမူမျိုးကိုလဲ နင်လုပ်စရာအကြောင်းမရှိဘူး နောက်တကြိမ်ဆိုရင်ငါ့အဆိုးမဆိုနဲ့...လွှတ်စမ်း..”

"ကလျာရယ်..စိမ်းလိုက်တာကွာ...ဘယ်လိုပဲစိမ်းစိမ်း...မင်းကိုလေ  ကိုယ်ကအရကိုယူပြဦးမှာ....ငါဆိုတဲ့ကောင်ကလဲ ခူးရခက်တဲ့ပန်းမျိုးကိုကရအောင်ခူးပြီး ခြွေချင်တာ....နင့်ကိုငါမရရအောင်ကိုယူမှာ...„

"ဒီလောက်တောင် မိုက်ရိုင်းနေတာ ကဲဟယ်”
..
"ဖြန်း.”..

"ရိုက်ပါ...ရိုက်...နင်ကြိုက်သလောက်ရိုက်...နင်ရိုက်လေ.. ငါကြိုက်လေ...ပိုလိုချင်လေပဲ..နာတာကိုတော့နောက်မှပဲဖြည်းဖြည်းချင်းပြန်ယူရမှာပေါ့လေ....အခုတော့သွားစရာလေးရှိလို့ သွားလိုက်ဦးမယ်ကွာ...bye byeနော် အချစ်လေး.”..

ရွံစရာကောင်းလိုက်သည့် ယောကျ်ား...ဒီလိုအောက်တန်းကျသည့်ယောကျ်ားမျိုးနဲ့မှ  စီစဥ်ပေးသည့်အမေ့ကိုလဲ ဘယ်လိုမှစဥ်းစားလို့မရ.....


ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now