"စိုး....အခုတလော. အလုပ်တွေကများလှချည်လားဟင် ”
"ဟုတ်တယ် အခုတလောမေမေ့အလုပ်တွေကနည်းနည်းကျပ်နေတော့ ကူပေးနေရလို့ပါ...အလုပ်တွေကရှေ့ဆကိလဲများလိမ့်ဦးမယ် ကလျာ နားလည်ပေးပါ.”
"တမင်ရှောင်နေတာမဟုတ်ရင်တော့ ကလျာနားလည်နိုင်မှာပါ...စိုးဘက်ကတော့မသိပေမဲ့ ကလျာကတော့ စိုးနဲ့နှစ်ယောက်ဘဝအတွက်အလေးအနက်စဥ်းစားထားတာပါ...လေးလေးနက်နက်ရှိလို့လဲ ရင်ခွင်တွေကိုစုန်ကန်ခဲ့ပြီးပြီ..”..
"စိုးသိပါတယ်ကွာ...စိတ်ညစ်စရာတွေ တွေးမနေပါနဲ့တော့နော်....ဒါနဲ့ကလျာ...စိုး ဒီတစ်ပတ်တော့အိမ်ကိုခဏပြန်ရမယ် အဆင်ပြေအောင်နေမယ်မလား..”
"အင်း....နေရမှာပေါ့...စိုးကအဆင်ပြေအောင်နေစေချင်တာ. နေရမှာပေါ့လေ...စိုး လဲအစစအရာရာဂရုစိုက်ပြီးနေပါနော်...ကလျာစောင့်နေမယ်”.....
"အမြဲနားလည်ပေးလို့ ကျေးဇူးပါကလျာရယ်...သိပ်ချစ်တာပဲ....”.
ပါးပြင်ကိုသူနမ်းရှိုက်သောလဲ နှလုံးသားမှအချစ်၏ရှိုက်သံတို့ဟာ သာမန်ထက်တိတ်ဆိတ်နေသလိုပါပဲလား...စိုးရယ်...နှလုံးသားချင်းထိတွေ့နေကြပေမဲ့...ပိုပြီးနွေးထွေးရမဲ့အစား တဖြည်းဖြည်းအေးစက်လာသလိုပါပဲလား...
မဟုတ်လောက်ပါဘူး
စိတ်ကလျှောက်ထင်နေတာနေမှာပါ ဒါမှမဟုတ် အချစ်က ဦးနှောက်ကိုဖုံးလွှမ်းသွားတာလား....နှလုံးသားရဲ့ခိူင်းစေချက်အမိန့်ကို မလွန်ဆန်နိုင်တဲ့အကျဥ်းသားလား..... မသိတော့ဘူး....ချစ်တာ...ချစ်တာတစ်ခုအပြင် ကလျာဘာကိုမှမမြင်နိုင်တော့ဘူး........စိုးတစ်ယောက် ကလျာ့ရင်ထဲကစကားသံတွေကို သိနိုင်၊ကြားနိုင်၊မြင်နိုင်ပါစေ။
![](https://img.wattpad.com/cover/325777078-288-k376624.jpg)
YOU ARE READING
ပန်းတစ်ပွင့်ဒိုင်ယာရီ
Romance"ဒါဒါကလေ ဘယ်တော့မှပန်းမဖြစ်ချင်ဘူး ငြိုးနွမ်းခြောက်သွေ့သွားမှာဆိုးလို့သိလား".....အေးနန္ဒာ "ပန်းလေးရဲ့အလှဟာ ငြိုးနွမ်းဦး၊ခြောက်သွေ့ဦး၊အလှပျက်ပြယ်ဦးတော့ တန်ဖိုးထားတက်တဲ့သူအတွက်ဆိုရင်တော့ ပွင့်သစ်စအဖူးအငုံလေးအဖြစ်အမြဲရှိနေမှာပါ သမီးရယ်"...