အပိုင်း ( ၁၀)

69 5 0
                                    

အန်တီကလျာ့ကိုစတွေ့သည့်နေ့က ဘာကြောင့်မှန်းမသိ ရင်တွေခုန်လာသည်။စိတ်ထဲတွင်ပြောမပြတက်သောခံစားမှုတို့သည်လဲရင်ထဲ၌ ဖြစ်ပေါ်လာခဲ့၏။

နွေးနွေးထွေးထွေးကြိုဆိုခဲ့သည့်အပြင် အန်တီ့၏စေတနာ၊မေတ္တာတို့ကြောင့်  စိတ်ထဲတွင်ဖြစ်ပေါ်လာသော ခံစားမှူတိူ့မှာတစ်ရက်ထက်တစ်ရက်ပိုမိုပြင်းထန်လာခဲ့ရပါသည်။

အန်တီကလျာ၏ ဒါဒါ့အပေါ်ထားရှိအပ်သော စေတနာ၊မေတ္တာတို့ကို အခွင့်အရေးယူခြင်းလဲမဟုတ်ပါ။

ဒါဒါ့နှလုံးသားတို့မှ အလိုအလျောက် ဖြစ်ပေါ်လာသောခံစားမှုတို့သာဖြစ်ကြောင်းလဲ အန်တီ့ကလျာ့ကိုသိစေလိုပါသည်။ ထိုခံစားမှုတို့မှာတခြားမဟုတ်..."အချစ်...အချစ်ပင်ဖြစ်လေသည်။

ဟုတ်သည် အန်တီကလျာ့ကို ဒါဒါသိပ်ချစ်သည်။
သိပ်မြတ်နိုးသည်။မြင်မြင်ချင်း၌ပင် အန်တီ့ဆီ၌ ဒါဒါ၏ကိုယ်၊စိတ်တို့ကိုအပ်နှံချင်မိခဲ့သည်။တွယ်တာခဲ့ရသည်။

သိပ်ချစ်သည်ကိုဖွင့်ပြောလိုက်ချင်သော်လဲ  အန်တီကလက်မခံပဲစိတ်ဆိုးသွားမှာ မုန်းသွားမှာကိုတော့ အကြောက်ဆုံးပင်........

"ကဲ...ကိုလတ်ရေ ကလျာ တို့ပြန်တော့မယ်နော်  နောက်အပတ်လောက်မှ ထပ်လာခဲ့မယ်..”.

       "အေးအေး ငါလဲအားတဲ့နေ့အိမ်လာခဲ့ပါဦးမယ်..ကြီးမေကြီးကိုမတွေ့ရတာကြာပြီ ကားလဲဖြေး​ဖြေးမောင်းဦးနော်”.....

"ဟုတ်ကဲ့ပါ   သွားပြီနော်,....ဒါဒါသမီး လာပြန်မယ်”...

နှုတ်ဆက်သံတို့ကိုကြား​ေတာ့မှပဲ အတွေးနယ်ပယ်ထဲက ထွက်လာရသည်။
အိမ်ပြန်ရောက်ရင်လုပ်စရာတခုရှိသည်...မအေးမြထက်ဦးအောင်သံပရာရည် ကိုယ်တိုင်ဖျော်ဖို့ပင်ဖြစ်သည်။အန်တီကလျာရေ ဒါဒါကလေဖြေးဖြေးချင်း အန်တီ့ဆီကအမှတ်တွေယူပြီး
နှလုံးသားကိုသိမ်းပိုက်မယ်သိလား.........

လိုအပ်ချက်များစွာဖြင့်....

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now