အပိုင်း ( ၁၈)

65 4 0
                                    

"အန်တီက အပင်စိုက်ရတာ ဝါသနာပါတယ်နောိ အန်တီစိုက်တဲ့အပင်လေးတွေကလဲ အကုန်လုံးပွင့်တယ် လှလဲလှတယ်နော် စိုက်တဲ့သူအတိုင်းပဲသိလား”......လို့..မျကိနှာလေးကိုကြည့်ပြီးပြောလိုက်မိတော့   

ပြုံးပြီးပြန်ကြည့်ကာ  " အန်တီတို့ဘဘကြီးကအပင်စိုက်တာအရမ်းဝါသနာပါတာ အဲ့တာအန်တီရယ် ဦးလတ်ရယ်က ဘဘကြီးကိုအမြဲကူရင်းမေးရင်း အန်တီတို့လဲဝါသနာပါသွားတာလေ...ဒါဒါကရော” ......လုပ်နေရာမှမေးငေ့ါပြီးမေးလာရာ....

"ဟင့်အင်း  ဒါဒါငယ်ငယ်ထဲကနေခုထိတော့တခါမှဝါသနာမပါဖူးဘူးရယ်  အန်တီတို့ဦးလတ်တို့ကိုမြင်ရတော့  လောကမှာလှပတဲ့ပန်းတွေအများကြီးက လှလှပပနဲ့ဘာလို့ပွင့်လန်းလာသလဲနားလည်လာတယ်.......
ဒါပေမဲ့ ဒါဒါကလေ ဘယ်တော့မှပန်းမဖြစ်ချငိဘူး   ငြိုးနွမ်းခြောက်သွေ့သွားမှာစိုးလို့သိလား”... 

ဒါဒါ့စကားသံကိုကြားတော့ အန်တီကဒါဒါ့မျကိလုံးတို့ကိုသေချာစိုက်ကြည့်လိုက်တာကြောင့် ရင်ထဲထိတ်ခနဲတော့ဖြစ်သွားမိသည်။

"အဲ့လိုလဲဘယ်ဟုတ်ပါ့မလဲသမီးရယ်...ဘယ်ပန်းတွေကများသူတို့အလှကိုခြောက်သွေ့ငြိုးနွမ်းစေချငိမှာတဲ့လဲ အမြဲပဲလန်းဆန်းလို့လှချငိကြရှာမှာပေါ့   ......
ပန်းလေးရဲ့အလှဟာ  ဘယ်လောက်ပဲ ငြိုးနွမ်းဦး၊ခြောက်သွေ့ဦး၊အလှပျက်ပျယ်ဦးတော့  တန်ဖိုးထားတက်တဲ့သူတစ်ယောက်အတွက်ဆိုရင်တော့ ပွင့်သစ်စအဖူးအငုံလေးပဲအမြဲရှိနေမှာပါသမီးရယ်..”.......

"ဒါပေမဲ့အန်တီရယ်...ငြိုးနွမ်းသွားရင် သူ့ရဲ့အလှနဲ့တန်ဖိုးမှမရှိတော့တာပဲကို ဘာလို့အဖူးအငုံပြန်ဖြစ်မှာလဲဟင်..”.......စောဒကတက်ပြီးမေးမိပြန်ပြီ.....

ထိုစကားကိုအန်တီကပြုံးပြီး....."သမီးဒါဒါ...တန်ဖိုးနဲ့အလှဆိုတာကလေ...သတ်မှတ်တဲ့သူအပေါ်မှာပဲမူတည်တယ်..”.  ........

အန်တီ့အဖြေမှာတင်ဒါဒါကျရှုံးပါပြီ    အန်တီ့အဖြေကိုလဲဒါဒါကောင်းစွာနားလည်တာမို့  အန်တီ့ကိုသဘောကျပြီးရင်းကျသလို  လေးလဲလေးစားရပါသည်။

ပန်းမ​ကြိုက်သော်ငြား ..ရင်ထဲသိမ်းထားချငိသော ၊ ယုယမြတ်နိုးချငိသော ၊ တန်ဖိုးထားချင်မိသော ပန်းတစ်ပွင့်တော့ရှိ၏...ထိုပန်းဟာ..သုံးမျိုးစပ်ပန်း...သဇင်လိုမြင့်မြတ်သော ၊ နှင်းဆီလို လှပရဲ့အဆိပ်ပျင်းသော ၊ စံပယ်လိုဖြူစင်သန့်ရှင်းသော...ပန်းသုံးမျိုး အဓိပ္ပါယ်သုံးမျိုးကို ပေါင်းစပ်ထားသည့်  ..   "အန်တီကလျာအောင် ”ဟူသည့် ပန်းကလေး....

ထိုပန်းကလေးကိုတော့ နှလုံးသား၏အချစ်စိုက်ပျိုးခင်းတွင် လှပသေသပ်စွာပွင့်လန်းနိုင်အောင်  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စိုက်ပျိုးမည်၊ပြုစုပျိုးထောင်မည်။

"အန်တီ့အနားကိုလှမ်းလာဖို့ စိုးရွံ့နေတဲ့ဒီခြေလှမ်းတွေကို   အခုကစလို့ရဲရဲဝံ့ဝံ့နဲ့လှမ်းလို့ အနားကိုရအောင်တိုးပါ့မယ်လို့.....ဒီနေ့ကစပြီးတိုင်တည်လိုကိပါတယ်”.........

လိုအပ်ချကိများစွာဖြငိ့......

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now