အပိုင်း(၅)

83 5 0
                                    

အိမ်ထဲရောက်တော့အန်တီကဧည့်ခန်းတွင်ဝင်ထိုင်လိုက်သောကြောင့် အိတ်ကိုအန်တီ့ဘေးတွင်ချပေးလိုက်ပြီး အနောက်ဆုတ်ကာအန်တီနှင့်မျက်နှာချင်းဆိုင်ဖြစ်မည့်ခုံတွင်ဝင်ထိုင်လိုက်သည်။

ခဏနေတော့မအေးမြက သံပရာရည်တခွက်ယူလာပေးပြီးအန်တီ့ကိုပေးလိုက်၏။

အကြံရပြီနောက်ရက်တွေကျရင်မအေးမြထက်စောပြီးအန်တီ့အတွက်သံပရာရည်ကိုယ်တိုင်ဖျော်ပြီးတိုက်မည်။

"သြော်...ဒါနဲ့သက်သက်ဖုန်းဆက်လာတယ် ဒီညကားစီးလာတယ်တဲ့မနက်အစောလောက်ရောက်မယ်  အဲ့တာလာမကြိုပါနဲ့သူကြိုကားနဲ့လာခဲ့လိုက်ပါမယ်တဲ့..”  ဟုဒါဒါ့ကိုကြည့်ပြီးပြောသသည်။

     "ဟိုလေအန်တီသမီးဒီပိတ်ရက်ကိုအိမ်မပြန်သေးပဲဒီမှာပဲနေလို့ရသေးလားဟင် သမီးအိမ်မပြန်ချင်သေးလို့ပါနော်”  ဟုခွင့်တောင်းမိတော့

သောက်လက်စသံပရာရည်ခွက်ကိုချလိုက်ရင်း
"ရပါတယ်သမီးဒါဒါရယ် သမီးပြန်ချင်တဲ့အချိန်မှပြန်ဟုတ်ပြီလား အန်တီတို့ကခွင့်ပြုပြီးသားကြ်ုဆိုပြီးသားကဲအဲ့တာဆိုအန်တီရေမိုချိုးလိုက်ဦးမယ်နော်” ဆိုပြီးပြောရင်းဆိုရင်းနဲ့အခန်းထဲသိူ့ဝင်သွားလေသည်။

အန်တီ့က နေခွင့်ပြုသည်ဆိုတော့အလွန်ပျော််မိ..  ဒီပိတ်ရက်ကိုအကျိုးရှိရှိအသုံးချရမည်။အန်တီ့နှင့်ပိုပြီးနီးစပ်အောင်ကြိုးစားဖို့အခွင့်အရေးရလေပြီ။

မေ့နေသည်ဖေ့ဖေ့ကိုဖုန်းဆက်ဦးမှ...ဖုန်းခေါ်ရန်အပေါ်သို့တက်ကာဝရံတာ၌ရပ်ကာခေါ်လိုက်သည်။

          "ဟယ်လိုသမီးလေး...”
"ဟယ်လိုဖေဖေ..နေကောင်းရဲ့လား..အလုပ်တွေရောများနေလား..သမီးကဒီမှာအရမ်းအဆင်ပြေတယ်သိလား..ဖွားဖွားမေရောအန်တီကလျာရောမမသက်သက်ရောကမိသားစုလိုပဲ...ဒါနဲ့ဒီပိတ်ရက်ကိုသမီးပြန်မလာဖြစ်ဘူးနော်ဖေဖေရတယ်မလားဟင်”....ဖေဖေ့အသံတိတ်တော့တိတ်သွားတယ်ခဏအကြာမှ...

          "သမီးနေရတာအဆင်ပြေတယ်ဆိုရင် ဖေဖေဝမ်းသာပါတယ်  အသုံစရိတ်တွေဖေဖေထပ်လွှဲပေးလိုက်မယ်..နေရတာအဆင်ပြေလွန်ပြီးဖေဖေ့ကိုလဲမေ့မသွားနဲ့ဦးနော်  လိုတာလဲပြောအချိန်မရွေးဖုန်းဆက်ကြားလား”
"ဟုတ်ဟုတ်ဖေဖေဟုတ်..အဲ့တာကြောင့်ဖေဖေ့ကိုချစ်ရတာပါဆို...”  ဟုဖေဖေ့ကိုဖုန်းထဲလှမ်းချွဲတော့

        "သူဖြစ်ချင်တာဖြစ်နေရရင်အဲ့လိုမျိုး...ကောင်မစုတ်လေး...ကြီးမေတို့ကလျာတို့စကားလဲသေချာနားထောင်နော်သမီးကြားလားအိမ်မှာလိုမနေနဲ့အလိုက်တသိလေးနေဖေဖေအဲ့တာပဲမှာချင်တယ်”...ဖုန်းဆက်တိုင်းဖေဖေမှာနေကြစကားပင်ထပ်ကြားရပြန်ပြီ....

"စိတ်ချပါဖေဖေရဲ့သမီးလိလိမ္မာမ္မာနေနေပါတယ်မယုံရင်မေးကြည့်နော်...အဲ့တာဆိုသမီးဖုန်းချလိုက်တော့မယ်နော်ဖေဖေ အိမ်စာလေးတွေလုပ်စရာရှိသေးလို့.  ဖေဖေကျန်းမာရေးဂရုစိုက်နော်..နောက်ဘော်ဒါတွေစုံရင်အရမ်းလဲမသောက်နဲ့နော်...အရမ်းလွမ်းတယ်ဖေဖေ...”

          "ဟုတ်ကဲ့ပါဗျာ...သမီးလဲနေကောင်းနေနော်..ကဲကဲစာလုပ်စရာရှိတာလုပ် bye byeသမီး..”

"ဟုတ်ဖေဖေ bye bye..”    ဖုန်းချလိုက်ပြီးအောက်ကိုငုံ့ကြည့်မိတော့ခြံထဲအန်တီဖုန်းပြောနေသည်ကိုတွေ့သည်။

ဘယ်သူနှင့်ပြောနေသိတော့မသိသို့သော်ဆံပင်ကိုရိုးရိုးလေးသာစည်းထားပြီးအိမ်နေရင်းပုံစံလေးနဲ့အန်တီကိုဓာတ်ပုံခိုးရိုက်မိသည်။

အမယ်လေးတော်ပါသေးရဲ့ဓာတ်ပုံခိုးရိုက်ပါတယ်ဆိုမှအပေါ်ကိုမော့ကြည့်လာလို့ရီပြရင်းတာတာ့ပြလိုက်တော့အန်တီကပြန်ပြုံပြသည်။ခိုးရိုက်တာကိုတော့မသိလောက်ပါဘူး...ဟူး......  

လိုအပ်ချကိများစွာဖြငိ့.....     

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now