အန်တီကအပင်လေးတွေစိုက်ရတာဝါသနာပါသည်။ဒါဒါ့တွင်တော့ထိုကဲ့သို့သော ဝါသနာမှာပါမလာ ...အန်တီတယုတယစိုက်ပျိုးအပ်သောအပင်လေးများထဲမှ တစ်ပင်လောက်ဖြစ်ခွင့်ရရင်ဘယ်လောက်များကောင်းလိုက်မလဲ။
အန်တီနှင့်ဒါဒါတို့၏စတင်ဆုံတွေ့မှုကိုစဥ်းစားခန်းဖွင့်မိ၏။ အန်တီကလျာ့တူမဖြစ်သော မမသက်သက်နှင့်ခင်မင်ရာမှဆုံခဲ့ရခြင်းဖြစ်သည်။မမသက်သက်ကဒါဒါ့ထက်သုံးနှစ်လောက်ကြီးသည်။
မမသက်သက်၏အဖေသည် ရှမ်းပြည်ကိုတာဝန်ကျသဖြင့်ပြောင်းလာရာမှ အိမ်နီးနားချင်းအဖြစ်မမသက်သက်နှင့်ခင်ကြသည်။ဒါဒါမှာတစ်ဦးတည်းသောသမီးဖြစ်သောကြောင့်အပေါင်းအသင်းအလွန်မက်သည်။အိမ်နီးနားချင်းအဖြစ်ပြောင်းလာသောမမသက်သက်အား သူငယ်ချင်းလိုအမတစ်ယောက်လိုခင်မင်ရ၏။ကျောင်းတောင်မမသက်သက်တက်သည့်ကျောင်းကိုလိုက်ပြောင်းပြီးတက်သည်အထိခင်မင်ရသည်။
မမသက်သက်ဆယ်တန်းအောင်ပြီးရန်ကုန်၌ကျောင်းသွားတက်တော့ဒါဒါဝမ်းနည်းခဲ့ရသေးသည်။
သူကျောင်းပိတ်လို့အိမ်ပြန်လာမှနှစ်ယောက်ဆုံရ၏။..ဒါဒါဆယ်တန်းအောင်ပြီးမမသက်သက်ရှိရာရန်ကုန်မှာကျောင်းသွားတက်မည်လို့ဖေဖေ့ကိုပူဆာတော့ဖေဖေကခွင့်ပြုပေးတာမို့ရန်ကုန်ကိုရောက်ခဲ့သည်။
ဖေဖေရန်ကုန်ကိုလိုက်ပို့ရင်းအန်တီနှင့်တွေ့တော့မှ ဒါဒါ့မေမေနှင့်အန်တီကလျာတို့မှာကျောင်းတုန်းကသူငယ်ချင်းများဖြစ်နေသိကိုပါသိလိုက်ရသည်။
အန်တီကလဲသူငယ်ချင်းရဲ့သမီးဖြစ်သည့်အပြင်တူမဖြစ်သူနှင့်ပါငယ်ငယ်ထဲကခင်မင်လာသည့်ခလေးတစ်ယောက်မို့ သူမ၏အိမ်တွင်သာနေစေသည်။
လိုအပ်ချက်များစွာဖြင့်....
![](https://img.wattpad.com/cover/325777078-288-k376624.jpg)
YOU ARE READING
ပန်းတစ်ပွင့်ဒိုင်ယာရီ
Romance"ဒါဒါကလေ ဘယ်တော့မှပန်းမဖြစ်ချင်ဘူး ငြိုးနွမ်းခြောက်သွေ့သွားမှာဆိုးလို့သိလား".....အေးနန္ဒာ "ပန်းလေးရဲ့အလှဟာ ငြိုးနွမ်းဦး၊ခြောက်သွေ့ဦး၊အလှပျက်ပြယ်ဦးတော့ တန်ဖိုးထားတက်တဲ့သူအတွက်ဆိုရင်တော့ ပွင့်သစ်စအဖူးအငုံလေးအဖြစ်အမြဲရှိနေမှာပါ သမီးရယ်"...