အပိုင်း ( ၃၂ )

98 2 0
                                    

အတူထိုင်နေကြခုံတန်းလေးဆီကိုရောက်ဖို့ ကို...မနည်းပင်အားယူလို့ အရောက်လာခဲ့ရသည်။

စိုးတစ်ယောက်ထိုခုံတန်းလေးမှာငြိမ်သက်စွာဖြင့် ထိုင်ကာ ကန်ရေပြင်နှင့် နေဝင်ချိန်ကို စူးစိုက်စွာကြည့်နေသောစိုးရဲ့အကြည့်တို့က အေးစက်လို့နေ၏။

"စိုး...ရောက်နေတာကြာပြီလား”......
.ဘေးတွင်ဝင်ထိူင်လိုက်ပြီး...တင်းကျပ်နေအောင်ဖက်လို့ သူ့ရင်ခွင်ထဲတိုးဝင်မိသည်။နှစ်ဦးသားစကားတို့မပြောပဲတိတ်ဆိတ်နေရာအတန်ကြာမှ...
"ကလျာ...စိုး..ပြောစရာရှိတယ်.”.......

"ဟင့်အင်း...ကလျာ..နားမထောင်ချင်ဘူး..ဒီလိုလေးပဲ..ဒီအတိုင်းလေးပဲနေချင်တယ်...နေပါရစေစိုးရယ်..နော်.”
.....စိုစွတ်စပြုနေသောမျက်ဝန်းတို့မှ မျက်ရည်တို့သည်လဲမထိန်းနိုင်တော့...

ဖက်တွယ်ထားသောလက်အစုံတို့ကိုဆွဲဖယ်လျက်...အေးစက်ရီဝေနေသောအကြည့်တို့ဖြင့်ကြည့်ကာ...ဖွင့်ဟလာသောနှုတ်ခမ်းများမှ....

"စိုး လက်ထပ်တော့မယ် ကလျာ....ကိုရဲမင်းနိုင်နဲ့လက်ထပ်တော့မယ်..... စိုးနဲ့ကိုနိုင်နဲ့က ခင်နေတာလဲကြာပြီ...တွဲလိုက်ပျက်လိုက်နဲ့မို့ ကလျာ့ကိိုအသိမပေးဖြစ်ခဲ့တာ....တောင်းပန်ပါတယ်
....ကလျာ့ဘက်ကစိုးကိုအခုလို လေးလေးနက်နက်နဲ့ချစ်နေလိမ့်မယ်လို့လဲ စိုးမထင်ခဲ့ဘူး....ခံစားချက်တွေကိုထပ်ပြီးအလေးအနက်မထားပါနဲ့တော့နော်...ကလျာနာကျင်နေမှာစိူးလို့ပါ...
စိုးမှားမှန်းလဲသိပါတယ်.....စိုးတို့အခြေအနေဟာတကယ့်လက်တွေ့ဘဝမှာပေါင်းစပ်လို့မှမရပဲကလျာ ...တို့တွေလက်တွေ့ဆန်မှဖြစ်မယ်မဟုတ်လား...”

"ဒါဖြင့်စိုးကအချစ်အတွက်ဘာကိုမှရင်မဆိုင်နိုင်ဘူးဆိုတဲ့သဘောလား ချစ်တယ်ဆိုတာပေါ့ပေါ့တန်တန်မှမဟုတ်ပဲစိုးရယ်....
စိုးအတွက်လွယ်ကူနေမယ်ဆိုရင်တောင် ကလျာ့အတွက်တော့မလွယ်ဘူး...စိုးရယ်..နှလုံးသားကိုညာပြီးတော့ ဘယ်လောက်တောင်များဟန်ဆောင်နိုင်မှာတဲ့လဲဟင်”...

"ကလျာ..သေချာနားထောင်ပါ..စိုးကဒီလိုပဲရှုပ်တက်တဲ့သူမှန်း ကလျာသိသိလျှက်နဲ့တွဲခဲ့၊လက်ခံခဲ့တယ်ဆိုရင် ဒီလိုလမ်းခွဲခြင်းကိုလဲ ကြိုတွေးခဲ့သင့်တယ်။စိုးရဲ့အမှားတွေအတွက်လဲ တောင်းပန်ပါတယ်။ဒီလောက်နဲ့ပဲနှုတ်ဆက်ကြတာပေါ့ကလျာ....အဆင်ပြေသွားမှာပါ..”

ဘာစကားမှပြန်လည်ပြောစရာမရှိအောင်ပင် စိုးရဲ့စကားလုံးတို့ကချောင်ပိတ်စေခဲ့ ပြီ။စကားလုံးတွေတိတ်ဆိတ်လို့ စိုးမျက်နှာကိုကြည့်နေရုံကလွဲလို့ ဘာမှမရှိ...

"ကလျာ...စိုး..ကိုခွင့်မလွှတ်ပါနဲ့...တသက်လူံးနာနာကျည်းကျည်းနဲ့မုန်းပါ...ကျေကျေနပ်နပ်ခံယူပါ့မယ်.....နာကျင်အောင်လုပ်မိလို့ အနူးအညွတ်တောင်းပန်ပါတယ်ကလျာ....တောင်းပန်ပါတယ်...”

အနားတွင်မရှိချင်တော့သောသူအားမလွှတ်တမ်းမဆွဲထားလိုတော့...ပြတ်သားနေသောသူ့အဖြေတို့က အသနားခံမှုတွေကိုတောင်ပြန်မကြည့်...

အချစ်ဆိုသည်မှာမပိုင်ဆိုင်ရလဲ ကိုယ်ချစ်တဲ့သူ၏ပျော်ရွှင်ခြင်းကိုမြင်ရလျှင်ကိုယ်သည်လဲထပ်တူပျော်သည်...မဟုတ်ပါလား....

ချန်ထားရစ်ခံခဲ့ရသည့်သူတစ်ယောက်၏ရင်တွင်တော့ သူပျော်သည်ကို ထပ်တူပျော်နိုင်ဖို့ အကြိမ်ကြိမ်ကြေမွအက်ကွဲရဦးမည်ပေါ့....။

"အေးလေ...စိုး..ကသေချာနေမှာတော့...စိုးရဲ့သဘောအတိုင်းပဲပေါ့...စိုးအဆင်ပြေသလိုကြိုက်သလိုလုပ်ပါ..ကလျာ...ကလျာ.လက်လျှော့လိုက်ပါပြီ...အဆင်ပြေပါစေစိုး...နှုတ်ဆက်ပါတယ်..”

နှုတ်မှဘယ်တော့မှ မပြောချင်ခဲ့သော ဒီစကားလုံးတို့ဟာ နောက်ဆုံးမှာတော့ နာနာကျင်ကျင်ဖြင့်ပြောခဲ့ရပါပြီ။

ဤနေရာတွင်ဆက်ပြီးထိုင်ရန်၊ချစ်သူ၏နှုတ်ဆက်ခြင်းကိုဆက်လက်နားထောင်ရန်မည်သို့မျှအင်အားမရှိ....

ထို့ကြောင့်.........တုန်ရီနေသော လက်တို့ဖြင့်ခုံတန်းကိုအားပြုလို့မနည်းပင်ထကာ ယိုင်နဲ့နေသောခြေလှမ်းတို့ကို ထိန်းချုပ်လို့ ထိုင်စရာအကြောင်းမရှိတော့သော ဒီနေရာမှ ထွက်ခွာခဲ့တော့သည်။

ပြန်ကောက်ရွေ့မရနိုင်အောင် တစ်စစီ ကြွေမွနေသောနှလုံးသားအပိုင်းအစတို့က ပြန်ရာလမ်းတစ်လျှောက်လုံးမှာ ခင်းကျင်းထားသလို ပြန့်ကျဲလို့နေခဲ့လေပြီ။နင်းလျှောက်ရက်သူအားမမုန်းရက်...သူပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ။

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now