အပိုင်း ( ၂၅ )

62 6 0
                                    

"စိုးနော်...အဲ့လိုတွေထပ်မလု​ပ်ပါနဲ့လို့ ဘယ်နှစ်ခါပြောရမှာလဲ....”

"ကလျာရယ်...နာနေပြီ..နာတယ်လို့  လွှတ်ပေးပါနော်..”

"မလွှတ်ဘူး...မလုပ်တော့ပါဘူးလို့ ကတိမပေးမချင်းမလွှတ်ဘူး အသားပါပဲ့ပလေ့စေ ”...

"မယ်မင်းကြီးမရယ် တကယ်နာလို့ပါ...လက်သံကပြောင်ချက်ပဲ...ကဲကဲ...ကတိပေးတယ်ဟုတ်ပြီလား...ဟုတ်ပြီလား...လွှတ်ပါနော်..တော်တော်နာနေပြီ..”   
မလွတ်ချငိသော်လဲ လွှတ်ပေးလိုက်သည်။

ဆွဲလိမ်ထာသောဗိုက်ကိုနာလွန်း၍ပွတ်နေသူတစ်ဦး....

"စိုး မင်းမှာသစ္စာ၊လူမှာကတိတဲ့နော်. တည်ပါစေ......ပြောသာပြောနေတာ စိုးက ကလျာ့အပေါ်ဆို သိပ်နိုင်စားတာပဲ မကြိုက်တာတွေဆိုရင်ခဏခဏလုပ်တယ်...”

"သြော်...ကလျာရယ် စိုးက ကလျာ့တစ်ယောက်ကိုပဲချစ်တာပါကွာ...တခြားသူတွေဆိုတာခဏအပျော်ပဲသိရဲ့သားနဲ့...”

"အပျော်အပျော်ကနေ အပျက်တွေဖြစ်လာနိုင်တယ်သိရဲ့လားစိုးရဲ့...ကလျာ့အမေကဒီကိစ္စကိုမသိသေးလို့ သိများသာသိရင်မလွယ်ဘူး”

"ကဲပါ..ကလျာရယ်ဒါတွေမတွေးပါနဲ့တော့နော်...ကလျာကပြုံးရီနေရင်သိပ်ယဥ်ပြီးသိပ်လှတာ...”

"သွားပါ...အပိုတွေ..”.........

_________________
"အန်တီ....အန်တီ့..... ”

"ဟင်”

"ဒီမှာနာသွားပြီလို့...တအားကိုနာနေပြီလို့...ပြောနေတာကြာပြီကို ဘာတွေစဥ်းစားနေမှန်းမသိဘူး..”

နှုတ်ခမ်းလေးကိုထော်ပြီး မျကိနှာလေးရဲပြီး စိတ်မရှည်တဲ့လေသံနဲ့ပြောလိုက်သောစကားသံလေးတွေကြားမှ သတိဝင်လာတော့သည်။

ဆွဲလိမ်လိုက်တာ တကယ်နာသွားတယ်ထင်ရဲ့ သနားပါတယ် မျက်နှာလေးကိုရဲလို့....

"နာသွားတာကိုဘယ်လိုပြန်လုပ်ပေးမှာလဲပြော...အလျော်တောင်းမှာနော်...”...

"အလိုတော်...လျော်ကြေးပေးရမယ်”

"ဟုတ်တယ်...အဖြေပေးတော့...”

"ဟင်...ဘာမှမဆိုင်ဘူး  တခြားလျော်ကြေးတောင်းပါ့လား...”

"မရဘူး၊မရဘူး...အဖြေပဲလိုချင်တာ...ဘယ်တော့ပေးမှာလဲလို့ တအားကိုလိုချင်နေပြီလို့ စောင့်ရတာသစ်ကုလားအုတ်ဖြစ်နေပြီ”....
လူလည်မလေး အဖြေကိုကြုံရင်ကြုံသလိုတောင်းလိုကိရမှ...

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now