အပိုင်း( ၂၆)

67 9 1
                                    

ဒီနေ့.....ဒီနေ့ကိုရောက်တိုင်း...ရင်နာရစမြဲ...ဘဝမှာအနာကျင်ရဆုံးသောနေ့တွေထဲက တစ်နေ့.....နှစ်တွေကြာသော်ငြား..ရာသီတွေဘယ်လောက်ပင်ပြောင်းသော်ငြား....ဒီနေ့ရောက်တိုင်းအသစ်ပြန်ဖြစ်စမြဲပင်။

"အန်တီ....နေမကောင်းလို့လားဟင်...တလမ်းလုံးဘာစကားမှလဲမပြောဘူး..”....

"အန်တီနေကောင်းပါတယ်...ရင်ထဲ ..ရင်ထဲကမကောင်းတာပါကွယ်..
.ဒီနေ့က...အန်တီ့ရဲ့ရင်သွေးလေး..ကိုဆုံးရှုံးလိုက်ရတဲ့နေ့လေးလေ...မမြှောိလငျ့ပဲဖွဈပကြိခဲ့တာတှပေေါ့....,လူ့လောကထဲကို ရောက်လာခွင့်မရလိုက်ရှာဘူး..”
........ပြောရင်းမျက်ရည်တွေတသွင်သွင်စီးကျလို့လာတော့သည်။

"ဒါဒါ...ကိုယ်ချင်းစာပါတယ်အန်တီ....ဘယ်တော့မှအစားပြန်မရနိုင်တဲ့ဆုံးရှုံးမှုတွေပေါ့....ငိုလိုက်ပါ...ဝအောင်ငိုလိုက်ပါ.”.........လို့ပြောရင်းသူ့ရင်ခွင်ထဲထည့်ထားလိုက်ရာ....

အရွယ်နှင့်မလိုက်အောင်ရင့်ကျက်သည့် ချစ်ရတဲ့ခလေးငယ်လေးရင်ခွင်ထဲသာ မျက်နှာအပ်လို့ ငိုမိသည်။

---------
လွန်ခဲ့သော...နှစ်နှစ်ဆယ်ခန့်က........

လှိုင်ဝါဝါ၊ကလျာအောင်၊စိုးစိုးရွှေ.....တတွဲတွဲရှိကြသည့်သူငယ်ချငိးသုံးယောက်.....

ဝါ နှင့် ကလျာကတော့ အထက်တန်းကျောင်းကတည်းက တွဲလာကြသည့်သူငယ်ချင်းဖြစ်ပြီး  စိုး ကတော့တက္ကသိုလ်ရောက်မှတွေ့သည် သူငယ်ချင်း...

ဝါ ရဲ့အဖေနှငိ့အမေနှစ်ဦးလုံးကဝန်ထမ်းများကြပြီး ဝါကတစ်ဦးတည်းသောသမီး...အဖော်မက်ပြီးခင်မင်တက်သည်။ပွင့်ပွင်းလင်းလင်းရှိပြီး မဟုတ်လျှင်မခံတက် ၊ မကျေနပ်တာကိုလဲ ဘွင်းကနဲပြောလိုက်ရမှကျေနပ်တက်သည့်သူမျိုး..စိတ်သဘောထားပြည့်ဝပြီးချစ်စရာကောင်းသည်။

စိုး ကတော့ ငယ်ငယ်ထဲကအမေနှင့်သာကြီးပျင်းခဲ့ရသူ၊ မိသားစုမျိုးရိုးကနဂိုကထဲကချမ်းသာကြသည်မို့ ပြည့်ပြည့်စုံနေနိုင်သည်။
သူစိတ်ထင်ရာကိုလုပ်တက်ပြီး နေချင်သလိုနေတက်သည်။အတူပင်တွဲသော်လဲ သိုသိုဝှက်ဝှက်နေတက်သေးပြန်။ယောကျ်ား၊မိန်းမ မရွေးပဲရီးစားကိုထည်လဲတွဲပြီးရှုပ်တာမို့ ကျောင်းတွင်နာမည်ကြီးသည့်သူ....စကားပြောအလွန်ကောင်းပြီးဆွဲဆောင်နိုင်စွမ်းလဲရှိလွန်းလှသူ။

ကလျာကတော့ အကိုနှစ်ယောက်ရှိပြီး ကလျာမှာအငယ်ဆုံးဖြစ်သည်။အငယ်ဆုံးဖြစ်သော်ငြားလဲ တခါမျှပင်အလိုလိုက်မခံခဲ့ရ တအိမ်လုံး၏တင်းကျပ်သောစည်းကမ်းတို့ကိုသာရရှိခဲ့ဖူးသည်။

ကလျာတို့မိသားစုတွင် အခရာကျသော အဖေနှင့်အမေတို့မှာ ဆင်းသက်လာပုံခြင်းမတူညီကြပေ။အဖေကသာမန်လူတန်းစား၊အမေက ပညာတက်သူကြွယ်လူတန်းစားမို့ နှစ်ဦး၏အခြေအနေမှာကွာခြားလွန်းလှသည်။မိဘနှစ်ဦးကအဆင်ပြေသော်ငြား မပြေကြသည်က အမေ၏ အဖေ၊အမေ၊အမတွေပင်...

သာမန်လူတန်းစားမှလာပြီး အမေ့လိုလူကိုယူသည်မို့ အဖေ့ကိုနှိမ်ကျသည်။အဖေကမခံချင်တော့ အရွဲ့တိုက်ရာမှ အမေနှင့်ခဏခဏရန်ဖြစ်စကားများကြသည်ကခပ်များများပင်.....

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now