အပိုင်း ( ၁၁)

67 7 0
                                    

"လွှတ်လို့ပြောနေတယ်နော်...မမိုက်ရိုင်းနဲ့ ငါ့ကိုလွှတ်စမ်း...လွှတ်လို့ပြော​နေတယ်မလား....လွှတ်နော်.....”....

....

     "သွေး...သွေးတွေ...သွေးတွေ.....မဟုတ်ပါစေနဲ့...မဟုတ်ပါရစေနဲ့.....မဟုတ်...မဟုတ်..”....

အသက်ရှုနှုန်းတွေလဲမမှန်တော့...တစ်ကိုယ်လုံးလဲချွေးအပြည့်နှင့်...အိမ်မက်ဆိုးများကြားမှနိုးထလာခဲ့သည်။

"ဒီအိမ်မက်ဆိုးတွေထဲကနေ..ဘယ်တောမှများရုန်းထွက်နိုင်မှာလဲ....”.....နှုတ်မှရေရွတ်မိရင်း...ပါးပြင်ပေါ်သို့မျက်ရည်စက်များဟာအထိန်းအကွပ်မရှိကျဆင်းလာတော့သည်။......

——————————

ဒီနေ့စောစောထပြီး..မအေးမြတို့နှင့်အတူမနက်စာအတူပြင်ဖြစိသည်။တအိမ်သားလုံးမနက်စာစားဖို့ရောက်နေပြီဖြစ်သော်လဲအန်တီကအခန်းထဲကထွက်မလာသေးသောကြောင့်စိတ်ပူသွားသည်။

"အေးမြ...နင့်အမကလျာလဲမတွေ့ပါလား...မနိုးသေးတာတော့မဟုတ်လောက်ပါဘူး...သွားကြည့်စမ်း...”....

      "ဟုတ်..ကြီးမေ..ဟုတ်...”....
ဖွားဖွားမေမှမအေးမြကိုခိူင်းလိုက်ရာ...စိတ်ပူနေတာကြောင့်ဒါဒါပါလိုက်သွားလိုက်ရာ....

"မမကလျာ...မအေးမြနဲ့ဒါဒါပါ...ဝင်ခဲ့လိုက်မယ်နော်...”....
          "ရတယ်...ဝင်ခဲ့..ဝင်ခဲ့...”...အထဲမှပြန်ဖြေသောအန်တီ့၏အသံမှာအားမရှိ....
မြင်လိုက်ရတော့ပူနေသောစိတ်တို့ဟာပိုလို့ပင်တိုးလာရသည့်အပြင်ဒီလူမှာခြေမကိုင်မိလက်မကိုင်မိပျာယာခတ်နေသည်ကိုမနည်းထိန်းထားသော်လဲ...

"အန်တီ...နေမကောင်းဘူးထင်တယ်..မျက်နှာလေးကလဲဖြူဖျော့နေတာပဲ....ဆေးခန်းသွားရလေနော်အန်တီနောိ....”....

မြင်မြင်ချင်းအိပ်ယာနားပြေးပြီးမေးမိလိုက်တာ...ကိုယ့်ကိုယ်တောင်သတိမထားမိအောင်ပင်....

"ဒါဒါရယ်...အန်တီဒီလိုပဲဖစ်နေကြပါကွယ်...အရမ်းစိတ်မပူပါနဲ့နော်...အခုဆေးလဲသောက်ထားတယ်....တရေးလောက်ထပ်အိပ်လိုက်ပြီးနိုးလာရင်လေ..လန်းသွားမှာ..စိတ်မပူနဲနော်သမီး...ကဲအန်တီ့ကြောင့်မနက်စာနောက်ကျနေမယ်..သွားစားချည်သွား...”......

"ဟာ...မစားရလဲဘာမှမဖြစ်ပါဘူး...အန်တီမှနေမကောင်းတာကို..ဒါဒါကဘယ်လိုလို့စားဝင်ပါ့မလဲလို့ ”
လူကဖျော့ပြီးအသံကအားမရှိနေတာတောင်..ဒါဒါပြောသည်ကိုအားရပါးရရီလိုက်ပြီး...

"မနကိစာလေးတော့အရင်စားလိုက်ပါကွယ်...သမီးစိတ်ပူတယ်ဆိုရင်..ဒီမှာပဲလာစောင့်ပေးဟုတ်ပြီလား...လူနာစောင့်ဖို့ဆိုရင်..လူနာစောင့်ကအားရှိမှရမှာပေါ့ဟုတ်တယ်မလား...စားပြီးတာနဲ့တန်းပြန်လာခဲ့နော်..အန်တီစောင့်နေမယ်...လိမ္မာပါတယ်သမီးလေးက..စကားနားထောင်မယ်မလား....ကဲမအေးမြ..ကြီးမေကိုလဲပြောလိုက်...အမသက်သာတယ်လို့...ဖြစ်နေကြအတိုင်းပဲဖစ်တာမို့စိတ်မပူနဲ့လို့...ေနာ်..”

အန်​တီမှာသည်ကိုမအေးမြကတော့ခေါင်းတညိမ့်ညိမ့်နဲ့...

"အဲ့တာဆိုဒါဒါမြန်မြန်စားပြီးတန်းပြန်လာခဲ့မယ်နော်...သိလား...ခဏလေးပဲစောင့်နော်...”.....

"ဟုတ်ပါပြီရှင်...ဟုတ်ပါပြီ...”....ပြုံးရီနေတာလေးမြင်ရတာတောင်...စိတ်တွေကပူနေဆဲ..ကိုယ့်လိုဆိုဘာမှမစားပဲတောင်ထိုင်စောင့်ချင်သော်လဲ...အန်တီကစားခိုင်းတော့စကားနားထောင်မှရမည်။

———————
နေမကောင်းတာကိုအတော်စိတ်ပူနေပုံပဲ...အစားတောင်ဘယ်လိုလို့စားဝင်ပါ့မလဲတဲ့...သိပ်ချစိစရာကောင်းတဲ့ခလေး.....
"သူ”...သူလဲတစ်ချိန်ကနေမကောင်းရင်ဒီလိုပဲစိတ်ပူပန်ခဲ့လေသည်မလား.....

မဟုတ်တာ..အတွေးတွေဆက်မတွေးတာကောင်းမယ်ကလျာ...နင့်စိတ်နင်ထိန်းစမ်း.....

လိုအပ်ချကိများစွာဖြင့်....

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now