မနေ့ညကမိုးသည်းစွာရွာပြီးလျှပ်စီးများလက်သော်လည်း အန်တီကလျာ ကျေးဇူးဖြင့်ကောင်းစွာအိပ်စက်ခဲ့ရ၏။
အိမ်မှာလိုအချိန်ဆွဲပြီးအိပ်လို့မရ ဧည့်သည်မို့အလိုက်တသိစောစောထမှကောင်းမည်။အိပ်ယာသိမ်းရေမိုးချိုးပြင်ဆင်ပြီးသည်နှင့်အောက်ထပ်ကိုဆင်းအလာ...
မွှေးလိုက်သည့်အနံ့...ဒါဒါအလွန်ကြိုက်သည့်မုန့်ဟင်းခါး...ရေချိုးပြီးစမို့ဗိုက်ကဆာနေတာနှင့်အတော်ပဲအဝကြိတ်လိုက်ဦးမှ.....ဟုကြံရင်း
မီးဖိုခန်းထဲသို့အရောက်တွင်"ဟော...သမီးဒါဒါ...နိုးပြီလား..နည်းနည်းထပ်အိပ်တာမဟုတ်ဘူးသမီးရယ်.အချိန်တွေလိုပါသေးတယ်”...
"ရပါတယ်အန်တီကလျာရယ်. အိမ်မှာဆိုအမြဲနောက်ကျမှနိုးတာအခုဒီမှာစောစောထပြီးအန်တီ့ကိုကူပေးချင်ပေးလို့လေဟီး...သမီးဘာလုပ်ကူရမလဲဟင်”...
အန်တီကပြုံးလိုက်ပြီး..."ဘာမှလုပ်ကူစရာမရှိပါဘူးသမီးရဲ့...အကုန်လုံးပြီးပြီး..ဒါနဲ့သမီးကမုန့်ဟင်းခါးကြိုက်တယ်လို့ သက်သက်ကပြောလို့ အန်တီကိုယ်တိုင်ချက်ထားတယ်”"ဟာ...အန်တီ့လက်ရာဆိုရင်တော့ရှယ်ကောင်းပဲနေမှာ..သမီးကတော့ရှယ်ဆွဲမှာနော်..”
"ဟုတ်ပါပြီရှင်...ဆွဲပါဆွဲပါ..ကဲဒါဆိုသမီးခဏစောင့် အန်တီ ဖွားဖွားမေကိုသွားခေါ်လိုက်ဦးမယ်နော်”....ပြောရင်းအန်တီကဖွားဖွားမေကိုသွားခေါ်လေသည်။ခဏအကြာတွင်
"မောနင်းပါဖွားဖွားမေ..”...
"အေးအေး..မောနင်းမြေးလေး...စောစောနိုးပြီး ဖွားမေကိုစောင့်နေတာနဲ့ဗိုက်ဆာရောပေါ့...ကဲကဲသမီးအန်တီလက်ရာ မုန့်ဟင်းခါးကိုများများသာစားနော်သမီး”....
"ဟုတ်...စိတ်ချဖွားဖွားမေ...သမီးနေ့လယ်စာအလွတ်ကိုဆွဲမယ်..ဟီးဟီး”...စကားတွေပြောကြရင်းမနက်စာစားရသည်မှာ ဒါဒါ့အတွက်နိဗာန်ဘုံကလေးတခုလိုပင်...
အိမ်မှာတော့အခုလိုမဟုတ်ခြောက်ကပ်ကပ်နိုင်လှသည်။မနက်ဆိုဖေဖေကအလုပ်က်ိုစောစောသွား..ဒါဒါကအိပ်ယာထနောက်ကျသည်မို့ သားအဖနှစ်ယောက်မနက်စာစားတိုင်းဆုံသည်မရှိ တစ်ယောက်စီစားပြီးကိုယ်စီသွားစရာရှိတာသွားသည်ကများသည်။ညနေအိမ်ပြန်ရောက်ကျရင်လဲညစာကိုအတူလက်ဆုံမစားဖြင့် အန်တီကလျာတို့အိမ်မှာဧည့်သည်အဖြစ်နေရသည်ကိုဒါဒါအလွန်ကျေးဇူးတင်ရ၏။
ဧည့်သည်ဆိုသော်ငြား မိသားစုဝင်တစ်ဦးလိုပင်ဆက်ဆံကြ နွေးထွေးကြတာကြောင့်ဖြစ်နိုင်လျှငိပြန်တောင်မပြန်ချင်ပါ။လိုအပ်ချကိများစွာဖြင့်....

YOU ARE READING
ပန်းတစ်ပွင့်ဒိုင်ယာရီ
Romance"ဒါဒါကလေ ဘယ်တော့မှပန်းမဖြစ်ချင်ဘူး ငြိုးနွမ်းခြောက်သွေ့သွားမှာဆိုးလို့သိလား".....အေးနန္ဒာ "ပန်းလေးရဲ့အလှဟာ ငြိုးနွမ်းဦး၊ခြောက်သွေ့ဦး၊အလှပျက်ပြယ်ဦးတော့ တန်ဖိုးထားတက်တဲ့သူအတွက်ဆိုရင်တော့ ပွင့်သစ်စအဖူးအငုံလေးအဖြစ်အမြဲရှိနေမှာပါ သမီးရယ်"...