အပိုင်း ( ၂၃)

69 5 2
                                    

"သမီးဒါဒါ...သက်သာရဲ့လား.".......

"ဟုတ်...သက်သာပါတယ်....ဒါဒါ့ကြောင့်အလုပ်တွေရှုပ်ကုန်ကြတာ..တောင်းပန်ပါတယ်နော်...အထူးသဖြင့်အန်တီ့ကလျာ့ကို စိတ်ပူအောင်လုပ်မိလို့"..........ခေါင်းငုံ့ပြောရင်းမျက်ရည်တွေစီးကျလာသည်။

"ရပါတယ်ကွယ်...ဒါငိုစရာမဟုတ်ပါဘူး...အကုန်လုံးကသမီးကို စိတ်ပူနေကြတာပါ...သမီးဖေဖေကိုလဲဖုန်းဆက်ပေးထားတယ်...ဘာမှစိတ်မပူဖို့လဲပြောထားပါတယ်..."......

အန်တီ့လက်နုနုနယ်နယ်ကလေးများဖြင့်ခေါင်းကိုပွတ်သပ်ပြီးပြောနေတာကြောင့်...ရင်ခုန်သံတွေကထိန်းမရ...ဖွင့်ပြောချင်စိတ်တွေကတဖွားဖွားပေါ်....မထူးတော့တဲ့အဆုံး အန်တီ့ခါးကိုတင်းကျပ်စွာဖက်လိုက်ပြီး.......

"အန်တီကလျာ....အန်တီ့ကို..ဒါဒါ...အရမ်းချစ်တယ်.."......

"အို..."....
.ရှက်သွေးဖြာသွားပြီးလှည့်သွားလိုက်တဲ့မျကိနှာလေးကတကယ့်ကိုနမ်းချင်စရာ.....

"အန်တီ...ဒါဒါ..မနောက်ပါဘူး...အတည်ပြောတာပါ...ဒါဒါ..အန်တီ့ကိုစတွေ့ထဲကမြတ်မြတ်နိုးနိုးချစ်တာပါအန်တီရယ်".......

ဖက်ထားသောခါးမှလက်တို့ကိုပြန်ကိုင်ကာ...

"သမီးရယ်....သမီးကငယ်ပါသေးတယ်...အဖြူထည်သက်သက်ကလေးပဲရှိသေးတာ...အရောင်တွေမဆိုးချင်ပါနဲ့လားကွယ်.."......

"ဒါဒါမငယ်တော့ပါဘူးအန်တီ...ကိုယ်ပိုင်စဥ်းစားဆင်ခြင်နိုင်တဲ့အတိုင်းအတာတော့ဒါဒါ့မှာရှိပါတယ်.....အရောင်တွေလား...ဘယ်လောက်ဆိုးရမလဲဘယ်လောက်စွန်းထင်းမလဲ...အန်တီ့အတွက်ဆိုရင်...အကုန်ပေးဆပ်ရဲတယ်...ဒါဒါအလေးအနက်ပြောနေတာပါအန်တီ...ဒါဒါ့ကိုစဥ်းစားပေးပါနော်....အန်တီရယ်...တကယ်ကိုချစ်တာပါ.."..........
______________
ဒီကလေးနဲ့တော့ခက်ပြန်ပါပြီ.....အန်တီမင်းကိုချစ်တာပေါ့....ဒါပေမဲ့...အန်တီက...အန်တီက....

"အန်တီ...ဖြေပါဦး...ဒါဒါ့ကိုစဥ်းစားမယ်မလားလို့....ဒါဒါဇွတ်မတောင်းဆိုပါဘူး...ဒါပေမဲ့မလျော့သောဇွဲနဲ့ကြိုးစားပြီးအန်တီ့အချစ်ကိုရအောင်ယူမှာပါ...".......လို့ယုံကြည်ချက်အပြည့်နဲ့ပြောနေတဲ့ခလေးလေး.....ဘယ်သူကများမချစ်ချငိပဲနေပါ့မလဲကွယ်.......

"ကဲပါ...အန်တီစဥ်းစားပါ့မယ်.....အခုလောလောဆယ်တော့ ...ဆေးသောက်ဖို့အတွက်ဆန်ပြုတ်လေးစားလိုက်ဦးနော်...ဒီမှာယူလာတာအေးကုန်ပြီ...".....

"ဟွန်း...ဆန်ပြုတ်ကြီးလား...မကြိုက်ပါဘူး.".....နှုတ်ခမ်းလေးကိုထော်ပြီးရင်ခွင်ထဲမှီနေလိုက်တာများ..သံလိုက်ကပ်နေသလိုပဲ...

...ဒီလိုသံလိုက်ကလေးကိုတော့မခွာစတမ်းကပ်စေချင်ပါတယ်လေ...

"မစားလို့မရဘူးနော်...စဥ်းစားမဲ့ထဲမှာ..စကားနားထောင်တာမထောင်တာလဲပါတယ်...ဘယ်လိုလဲမစားရင်အမှတ်ကလျော့ပြီးသားနော်"..........အကျပ်ကိုင်ချင်ယောင်ဆောင်လိုက်ရာချက်ချငိးပင်....

"ဟာ....အဲ့လိုတော့မလုပ်နဲ့လေ....အမှတ်တော့လျော့မခံနိုင်ဘူး...စားမယ်စားမယ်...ဒါမဲ့...အန်တီခွံ့ကျွေးမယ်မလားဟင်...အန်တီခွံ့ကျွေးမှစားမှာနော်"..........အချွဲပိုနေပုံကဘယ်လိုလေးမှန်းကိုမသိ....

"ခွံ့ကျွေးပါမတဲ့ရှင်...ခွံ့ကျွေးပါမတဲ့. ...ကောင်မစုတ်လေး...တော်တော်တက်နော်.......ကဲ....ဟ...."...

"အာ.......ခဏခဏ...".....

"ကဲ...ခွံ့နေတာကိုမစားသေးပဲဘာလုပ်ဦးမလို့လဲ....."..

"အရမ်းချစ်တယ်...အာဘွား...,ရွှတ်.."...
.....လူကိုရွှတ်ခနဲနေအောင်ပါးကိုနမ်းသွားလိုက်တာများ...

"ဟယ်...ဟွန့်....ဘာလဲလူကြီးကို."........ပြောသာပြောရတာရင်ထဲမှာတော့ကျေနပ်မှုတွေကဖော်ပြလို့မရအောင်ပင်...

.မကျေနပ်ချင်ယောင်မျက်စောင်းလေးထိုးလိုက်တာကိုပင်ရီနေလိုက်တာများ....ခလေးဆိုးလေး.....
______________

အန်တီရေ...တကယ်ကို မြတ်မြတ်နိုးနိုး နဲ့ကို ရင်ထဲအသဲထဲကချစ်နေတာမို့ အန်တီမငြင်းနိုင်အောင်အပြီချုပ်မှာသိရဲ့လား....လွတ်အောင်ပြေးဖို့မကြိုးစားလေနဲ့တော့..........

လိုအပ်ချကိများစွာဖြငိ့.....

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now