ဒါဒါလေးကပင်ပန်းမှာစိုးလို့ နားစေချင်တာကိုသိပေမဲ့ ခပ်တည်တည်နဲ့ပြောလိုက်မိတာကို စိတ်မကောင်းဖြစ်သွားပုံရသည်။တလမ်းလုံးစကားလဲဆက်မပြောတော့ပဲ တိတ်ဆိတ်နေလိုက်တာ ....သာလိကာလေးတိတ်သွားအောင် လုပ်မိလိုက်သလိုဖြစ်သွားတာများလားလေ...ဘာပဲဖစ်ဖြစ်ခေါ်လာတဲ့ဆိုင်လေးကိုတော့သဘောကျနေပုံပဲ ....
တစ်ဆိုင်လုံးလဲသေသေချာချာလိုက်ကြည့်ပြီး ပြုံးနေပုံထောကိရင် သဘောကျနေလို့သာဖြစ်မယ်....
သူပြုံးတာလေးမြင်ရရင်ကို ရင်ထဲမှာပျော်လိုက်တာလေ....အို...ကလျာ....မကြီးမငယ်နဲ့စိတ်ထိန်းစမ်း.. ခလေးဟာခလေးပဲ ..အဖြူထည်လေးသက်သက်ပါပဲ ငါအရောင်မဆိုးသင့်ပါဘူးလေ......
_________
အတွင်းဘက်မှလွတ်နေသောဝိုင်းတွင်ဝင်ထိုင်နေရာယူလိုက်ကြ၏။
"ဒါဒါ ဘာစားမလဲ နေ့လယ်စာလဲမစားရသေးဘူးမလား အစားစားမှရမယ်နော် အန်တီလဲစားမယ်
ဒီမှာmenuလေးကြည့်ရအောင်..."..ဆိုင်ကကောင်မလေးမှပေးသော menuကိုကြည့်ပြီးအဆင်ပြေမည်ထင်တာကိုမှာလိုက်ပြီး...ဘာစကားမှမပြောပဲဘေးဘီကိုပဲဝေ့ကြည့်နေတာကြောင့်အန်တီကလျာ့ဘက်မှပဲစတင်ကာ..
"ဒီဆိုင်လေးကလေ အန်တီအမြဲလာနေကြဆိုင်လေးပဲ ဒီဆိုင်လေးကိုရောက်ရင် စိတ်ကလန်းလာတယ်သိလား"....လို့
အန်တီမှပြောနေသော်လဲ ဘာတစ်ခွန်းမှပြန်မပြောမိတာကို"ဒါဒါ အန်တီကားပေါ်မှာပြောလိုက်တာကို စိတ်ကောက်သွားတာလားဟင် တစ်လမ်းလုံးစကားလဲမပြောဘူး ...,
အခုလဲတိတ်နေတာပဲ စိတ်မကောက်ပါနဲ့မယ်မင်းကြီးမလေးရယ် အန်တီကရုပ်တည်နဲ့သာမပြောရင် ဒါဒါကအိမ်ပြန်မယ်ချည်းလုပ်နေလို့ပြောလိုက်တာပါကွယ်...စိတ်မကောက်ပါနဲ့နော်."....အန်တီကလျာကချော့သည်တဲ့....အန်တီဟာလေဒါဒါ့နှလုံးသားကို အရည်ပျော်ကြအောင်လုပ်ပြီးရင်းလုပ်နေတာ...
ကြည့်ပါဦးဘယ်လောက်တောင်ချစ်စရာကောင်းလိုက်သလဲ .ရီချငိတာကိုအောင့်ထားရသည်။
စိတ်ထဲတွင်တော့...."ဖွင့်ပြောချင်နေပြီ...အန်တီကလျာရေ ဖွင့်ပြောပြီးတော့ကို သိမ်းပိုက်လိုက်ချင်ပြီ သိလား"...
"ဟိတ်...စိတ်ကောက်ပြေပါတော့လို့...ပြောနေတာကြားရဲ့လားဟင်.....အွန်း...ဒါဒါစိတ်ကောက်မပြေဘူးဆိုရင်...အန်တီကနေမကောင်းထပ်ဖြစ်မယ်ထင်တယ်"
... လို့မျကိနှာငယ်လေးနဲ့ပြောနေပုံများက ခလေးလေးအတိုင်းပဲ.....မနေနိုင်တော့တာနဲ့သဘောကျလွန်းပြီးရီမိရာ.."ဟွန်း...သူများကချော့နေတာကို သူကရီနေတယ် ..တော်ပြီမချော့တော့ဘူးသွား".. ....ဆိုပြီးမျက်စောင်းလေးထိုးပြီးပြောလိုက်တော့ ပိုလိုတောင်မနေနိုင်တော့တာနဲ့
မျကိနှာချင်းဆိုင်ထိုင်နေရာမှထပြီး အန်တီ့ကလျာ့ဘေးကခုံမှာဝင်ထိုင်ပြီး ဖက်ထားမိလိုက်သည်။"ဘာလဲ...သူများချော့နေတုန်းကကျတော့အခန့်သားကြီးနဲ့...အခုမှလာကပ်မနေနဲ့...မသိဘူးနော်ပြန်ကောက်လိုက်မှာ.".....လို့ပြောရင်းရီကာ ဒါဒါ့ပါးကိုဆွဲညစ်လိုက်ရာ...ချစ်လွန်းလို့တင်းသထက်ပင်တင်းအောင်ဖက်ထားမိလိုက်၏။
မနေနိုင်တော့ဘူး အန်တီရေ...ဒါဒါတော့ဆေးမမှီအောင်ရူးပြီသိရဲ့လား..........
လိုအပ်ချကိများစွာဖြငိ့....
YOU ARE READING
ပန်းတစ်ပွင့်ဒိုင်ယာရီ
Romance"ဒါဒါကလေ ဘယ်တော့မှပန်းမဖြစ်ချင်ဘူး ငြိုးနွမ်းခြောက်သွေ့သွားမှာဆိုးလို့သိလား".....အေးနန္ဒာ "ပန်းလေးရဲ့အလှဟာ ငြိုးနွမ်းဦး၊ခြောက်သွေ့ဦး၊အလှပျက်ပြယ်ဦးတော့ တန်ဖိုးထားတက်တဲ့သူအတွက်ဆိုရင်တော့ ပွင့်သစ်စအဖူးအငုံလေးအဖြစ်အမြဲရှိနေမှာပါ သမီးရယ်"...