အပိုင်း( ၇)

76 6 0
                                    

အန်တီနှင့်မနက်စာစားပြီးဘုရားသို့ရောက်သည်။တော်ပါသေးရဲ့မြန်မာဝမ်းဆက်ဝတ်ခဲ့ပေလို့ပဲအန်တီနှင့်သွားရမည်ဆိုသောကြောင့်ရိုးရိုးယဥ်ယဥ်ဝတ်သည်ကအဆင်ပြေမည်ထင်သောကြောင့်ဝတ်လာခဲ့လိုက်တာကွက်တိဖြစ်သွားသည်။

ဘုရားသို့ရောက်သော် သက်ဆိုင်ရာနေ့နံ့မှာဘုရားရေသပ္ပါယ်ကြပြီးဘုရားရှိခိုးလေသည်။ဘုရားရှိခိုးပြီးတော့ အန်တီကဒါဒါ့ဘက်လှည့်လာကာ

"သမီးခဏလေးနော်..အန်တီပုတီးစိပ်လိုက်ဦးမယ်ရတယ်မလား”
       "ဟုတ်ဟုတ်ရပါတယ်အန်တီအေးဆေးစိပ်ပါသမီးစောင့်ပါ့မယ်”..ဟုပြန်ပြောလိုက်တော့အန်တီကခေါင်းညိမ့်လိုက်ပြီးအိတ်ထဲမှပုတီးကိုယူကာစိပ်တော့၏။

အေးချမ်းလိုက်သည့်နေရာ  ဘုရားမှာလဲလွန်စွာသပ္ပါယ်သည့်အပြင် ဘုရားပေါ်၌မြင်ရသည့်မြင်ကွင်းတိုင်းကလဲအေးချမ်းလွန်းလှသည်။

ပုတီးစိပ်နေသည့်တစ်ယောက်သူရဲ့ မျက်နှာလေးဟာလဲလွန်စွာအေးချမ်းလို့နေလေသည်။တစိမ့်စိမ့်ကြည့်လေအေးချမ်းလေ၊ကျက်သရေရှိလေ၊လှရက်လေပါလားအန်တီကလျာရယ်....

သပ်ရပ်စွာထုံးဖွဲ့ထားသည့်ဆံထုံးလေးနှင့်ပန်းကလေး...စင်ရော်တောင်မျက်ခုံးမွှေး..နှာတံစင်းစင်း...မြတ်နိုးချင်စရာကောင်းသည့် နှုတ်ခမ်းလှလှလေး...ဖြူဖြူဥဥအသားအရည်..ရီပြုံးလိုက်ပြန်တော့လဲသွားဖြူဖြူလေးတွေဟာ ပုလဲလေးတွေစီထားသည့်အလား...လက်ချောင်းခြေချောင်းလေးတွေကသွယ်သွယ်လျလျနူးနူးညံ့ညံ့...ပြေပြစ်လွန်းလှသည့်ခန္ဓာကိုယ်အချိုးအစားအရပ်အမောင်း....အားလုံးကိုခြုံ၍ငုံ၍ကြည့်ရင်အပြစ်ပြောရက်စရာမရှိ ......

ထိုင်၍သာတစိမ့်စိမ့်ကြည့်နေချင်သည့်အလှမျိုးပင်..မြင်ပါများလို့ရိုးသွားမည့်အထဲတွင်လဲပါမည်မဟုတ်...မြင်ပါများချစ်ကျွမ်းဝင်ဖြစ်ဖို့သာများမည်။ဘုရားရောက်လာပြီးဘုရားဖူးသည်ထက်ပုတီးစိပ်နေသည့်အန်တီ့ကိုတစိမ့်စိမ့်ဖူးမျှော်နေသည်ဆိုလျှင်ငရဲပင်ကြီးလေမလား...ဘာပဲဖြစ်ဖြစ်ဒီလိုလေးထိုင်ကြည့်ခွင့်ရနေသည်ကိုပင်ဘာနှင့်မှမလဲနိုင်....

ဒါဒါ့ရင်ထဲမှာဖွဲ့နွဲ့နေမိသည့်အန်တီ့အလှ...ရင်ထဲမှာဖြစ်ပေါ်နေတဲ့ချစိခြင်းတရားတွေကိုအန်တီကတော့ သိမည်..ရိပ်မိမယ်တောင်မထင်...​

ဘုရား၌တောင်းမိသည့်ဆုဟာ တစ်ခုထဲပင်
"အန်တီနှငိ့ဘဝဆက်တိုင်းဆုံရ၍ အန်တီ့နှလုံးသား၌နေရာယူပါရစေ”.......

လိုအပ်ချက်များစွာဖြင့်....

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now