Unicode
🕛
ရှောင်းကျန့်ကကော်ဖီခွက်ကို တစ်ငုံသောက်ပြီးပြန်ချထားလိုက်တယ်။ ကော်ဖီနံ့သင်းသင်းနဲ့ သစ်ပင်လှလှလေးတွေက တကယ်ကိုစိတ်အေးချင်စရာ။
"ရှောင်းကျန့်လားမသိဘူး"
"ဟုတ်ပါတယ်"
သူ့ရှေ့က ထိုင်ခုံမှာဝင်ထိုင်လိုက်တဲ့သူကို မျက်ခုံးပင့်ကြည့်လိုက်မိတော့ ခပ်တည်တည်မျက်နှာဟန်လေးက အနည်းငယ်ပြုံးယောင်သန်းသွားတယ်။
"ထိုင်မယ်နော်"
"ဝမ်ရိပေါ်"
"ကျွန်တော့်အစ်မက သူ့ရည်းစားနဲ့ချိန်းထားလို့ဒီမလာနိုင်လောက်ဘူးလေ။ ကျွန်တော်က ခင်ဗျားတစ်ယောက်ထဲဖြစ်နေမှာ အားနာနေလို့"
"ဪ"
ရှောင်းကျန့်သံရှည်ဆွဲပြောလိုက်တော့ ကောင်လေးကစပ်ဖြဲဖြဲရယ်ပြပြန်တယ်။
"ဘာလဲ ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား"
"မပျော်ပါဘူး"
"ခင်ဗျားက လူဆိုးပဲ"
"အင်း"
ရှောင်းကျန့်ရဲ့တုံ့ပြန်မှုကို ခေါင်းညိတ်ရင်းကောင်လေးနှုတ်ခမ်းထောင့်စွန်းတွေက ပြုံးတက်လာပြန်တယ်။ ဘာကြောင့်မှန်းမသိ ရှောင်းကျန့်တော်တော်လေး ရယ်ချင်လာမိတယ်။ သာယာတဲ့သီချင်းသံတွေရယ်၊ နွေးထွေးတဲ့နေရောင်ခြည်ရယ်၊ ကဗျာဆန်ဆန်ကော်ဖီဆိုင်အပြင်အဆင်ရယ်၊ ပြီးတော့ သူ့ရှေ့ကဒီကိုလူချောရယ်။ သိပ်ပြီး ရင်ခုန်ချင်စရာအခိုက်အတန့်တစ်ခုလို့ ပြောလို့ရတယ်မလား။
ဒါပေမယ့်
စိတ်မကောင်းစရာပဲ။
ရှောင်းကျန့်အတွက်က သူ့ရှေ့ကဝမ်ရိပေါ်ဆိုတာ ယောင်လို့တောင်လက်တွဲဖော်အဖြစ် မရွေးသင့်တဲ့လူစားထဲမှာပါတယ်။
ဘယ်သူကမှတော့ ကိုယ့်ကိုနှစ်နှစ်တိတိစာလောက် စိတ်ဒုက္ခပေးသွားတဲ့ကောင်လေးတစ်ယောက်ကို ချစ်သူအဖြစ်လိုချင်မှာမဟုတ်လောက်ဘူးမလား။
💚
အဲ့ဒီနှစ်နှစ်ခန့်သော အချိန်တွေကဆို လူတိုင်းက ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ကို ချစ်သူတွေဖြစ်သွားမယ်လို့ထင်ကြေးပေးကြတာ။
![](https://img.wattpad.com/cover/207326078-288-k578604.jpg)
YOU ARE READING
博君一肖 AU
FanfictionYizhan one shot collection. Actually two shots and three shots included.