(Unicode)
လေးဆယ့်ငါးဒီဂရီဆိုတာကို ရေးရေးလေးတော့မှတ်မိမယ်ထင်ပါတယ်။ Goodbye my love မှာ ရှောင်းကျန့်ကဝမ်ရိပေါ်ကို စသတိထားမိတဲ့နေရာလေ။ ဟုတ်ကဲ့ ဒါက Goodbye my love အတွက် ဆက်ရေးပေးတာပါ။---------------------------------------------💚
ဒီနေ့ကပုံမှန်ထက်စာရင် စောစောမိုးချုပ်တယ်လို့ပြောရမယ်။ အုံ့မှိုင်းနေတဲ့တိမ်တွေကြောင့်လည်းပါတာပေါ့။ ရိပေါ်ကကြိုးပြေနေတဲ့ ဖိနပ်ကိုငုံ့ကြည့်ရင်း ဘဝမှာအပျင်းရဆုံးအလုပ်က ဖိနပ်ကြိုးချည်တာလို့တွေးမိတယ်။ တစ်ဆက်ထဲမှာပဲ စက်ဘီးယူလာမိရင် အကောင်းသားလို့တွေးတယ်။ ဒါပေမယ့် ဂိမ်းဆိုင်ရှေ့မှာစက်ဘီးရပ်ထားမိလို့ သူ့စက်ဘီးအခိုးခံရတာဆိုပြီး ငိုမဲ့မဲ့ဖြစ်ဖူးတဲ့ယွီပင်းအကြောင်းကိုတွေးလိုက်မိတော့ စက်ဘီးယူဖို့အစီအစဥ်ကိုလက်လျော့မိခဲ့တာ ကောင်းပါတယ်လို့ပြန်တွေးမိပြန်ရော။
ဪ ဒီဖိနပ်ကြိုးတွေ ခလုတ်တိုက်တော့မှာပဲ။
"အဲ့ဒီဝမ်ရိပေါ်က ဘာတွေအဲ့လောက်တော်နေလို့လဲ"
"ဟင်"
"နေရာတကာ သူ့နာမည်တွေပဲမြင်နေရတယ်"
ရိပေါ်မှာ ဖိနပ်ကြိုးငုံ့ချည်နေရာကနေ ခေါင်းပဲထပ်ငုံ့ပေးရမလို။ မျက်နှာပဲဟိုဘက်လှည့်ပေးရမလို။ ကိုယ့်အကြောင်းကိုကိုယ့်ရှေ့မှာ ပြောနေတာကိုပြန်ပြီးတုံ့ပြန်ရမယ့်ကိစ္စက နည်းနည်းတော့ခက်တယ်။ ပြီးတော့ မိန်းကလေးသံတစ်ခုလည်းပါနေတယ်။ ရိပေါ်ကဆိုးပေမယ့် မိန်းကလေးတွေနဲ့တော့ ပြိုင်ရန်မဖြစ်တတ်ပါဘူး။
ပြီးတော့ မကျေမနပ်ပြောနေတဲ့ အသံရှင်လေးကိုသူမော့ကြည့်ချင်တယ်။ သူရှိနေမှန်းသိပြီး စိတ်အနှောင့်အယှက်ဖြစ်သွားမှာလည်း စိတ်ပူတယ်။
"အား တို့ရှောင်းကျန့်လေးဆီကနေ နောက်လူတစ်ယောက်အကြောင်းကြားရတာ ပထမဆုံးပဲ။ ဘယ်လိုလဲ အဲ့ဒီ့ဝမ်ရိပေါ်ကချောလား"
"ဟင် ငါမသိဘူးလေ။ မြင်မှမမြင်ဖူးဘဲ"
ဒီတစ်ခါတော့ရိပေါ်ရဲရဲကြီး မော့ကြည့်လိုက်မိပါတယ်။ လက်နှစ်ဖက်ပိုက်ပြီး လမ်းလျှောက်နေတဲ့ပုံရိပ်လေးက ဆွယ်တာအပြာရောင်လေးထဲမှာမြုပ်လို့။ သတိထားမိလိုက်တာက နှုတ်ခမ်းထောင့်စွန်းကမှဲ့နက်လေး။ ရှေ့မကြည့်နောက်မကြည့်ပြောချင်ရာပြောတတ်ပေမယ့် ရုပ်လေးကချောနေတော့ ခွင့်လွှတ်ပေးလိုက်မယ် တစ်ကြိမ်။
YOU ARE READING
博君一肖 AU
Hayran KurguYizhan one shot collection. Actually two shots and three shots included.