How to enter your crush's heart 101

3.4K 561 94
                                    

(Unicode)
"အဲ့ကောင်တွေက မမူးသေးဘူးလား"

"ဒေါင်"

"အကိုကျိုးချန်!!!"

အောင်မြင်စွာ ထွက်လာသော ရိပေါ်ရဲ့အသံကျယ်ကျယ်ကြောင့် ပတ်ဝန်းကျင်က လူတိုင်းလိုလိုက လှည့်ကြည့်ကြတယ်။

"ဝမ်ရိပေါ် မင်းအသံကိုနည်းနည်းလျှော့ရင် မင်း​ရဲ့ ရေခဲတုံးအကိုက မင်းကိုပြန်မကြိုက်မှာစိုးလို့လား။ ကျိုးချန် မင်းကရောဘာလို့ သူ့ကိုသွားခေါက်ရတာလဲ။ နောက်ဆို မခေါက်ခင်ကြိုပြော။ ငါ့နားထဲ ထည့်ဖို့ဂွမ်းရယ်။ ဒီကောင့်ပါးစပ်ကို ပိတ်ဖို့တိတ်ရယ် ရှာထားမလို့။ နောက်ပြီးဝမ်ရိပေါ် မင်းရဲ့အကိုကို မင်းကြိုက်သလိုခေါ်လို့ရတယ်။ ဒါပေမယ့် တွေ့လား။ မင်းရဲ့အကိုဘေးမှာ ငါ့အချစ်ရှိတယ်ကွ။ ငါ့အချစ်ကိုပါသိမ်းကြုံးပြီး အဲ့ကောင်တွေလို့မခေါ်နဲ့။ မင်းသိဖို့က ငါကငါ့အချစ်ကိုထိနေတဲ့ နေရောင်ခြည်ကိုပါမနာလိုတာ။ သူ့အနားက လေတွေကိုလည်း မနာလိုဘူး။ အဲ့တော့ မင်းသိဖို့ ဖို့ ......."

ကျိုးချန်တစ်ယောက် အလွန်စကားများသော ဟောက်ရွှမ်းကိုပါ နားရင်းဖြတ်အုပ်လိုက်သည်။

"နှစ်ကောင်လုံး ပါးစပ်ပိတ်ထား"

အံကြိတ်ပြုံးရင်းပြောသောကျိုးချန်ကို မျက်နှာငယ်လေးတွေနဲ့ ကြည့်ရင်း ပါးစပ်ကိုဇစ်ဆွဲပြီးပိတ်သလို ပြိုင်တူလုပ်ပြကြတယ်။

"မင်းက အကိုရှောင်းကျန့်မူးတော့ ဘာလုပ်မလို့လဲ"

ကျိုချန်မျက်နှာက တကယ်သိချင်နေပုံနဲ့။

"မင်းလို အတွေ့အကြုံမရှိလေးတွေ နားမလည်ပါဘူးကွာ။ ဒါမျိုးက ရည်းစားထားဖို့မစဥ်းစားဘူးဆိုတဲ့သူတွေကို ရှင်းမပြချင်ဘူး"

ရိပေါ်ကနှာခေါင်းရှုံရင်းပြောတော့ ဟောက်ရွှမ်းက တဟားဟားထရယ်ပါရော။

ပြောရရင် သူတို့ဝမ်မျိုးရိုးသုံးယောက်က အကြောင်းတွေတိုက်ဆိုင်ပြီး သူငယ်ချင်းဖြစ်နေကြပေမယ့် အသက်မတူကြ။ ဝမ်ဟောက်ရွှမ်းက သူ့အချစ်ဆိုပြီး တစ်ဖက်သတ်ကြွေနေရတဲ့ စုန့်ကျိရန်နဲ့အတန်းတူတူတက်ချင်တယ်ဆိုပြီး စာမေးပွဲကို အဖြေလွှာအလွတ်ထားဖြေခဲ့တာ။ ကျိုးချန်ကတော့ သူ့မိဘတွေတာဝန်ကျရာနောက်လိုက်ရင်း ကျောင်းခဏခဏပြောင်းရတော့ တစ်နှစ်အလိုလိုနောက်ကျသွားတယ်။ တက္ကသိုလ်ဒုတိယနှစ်ဆိုပေမယ့် ကျိုးချန်နဲ့ဟောက်ရွှမ်းက နှစ်ဆယ်ကျော်နေပြီး ရိပေါ်တစ်ယောက်ထဲဆယ့်ကိုး။ ဒါက ရုပ်သက်ပေါ့။ စိတ်သက်မှာတော့ သူတို့သုံးယောက်ကရွယ်တူပါပဲ။

博君一肖 AUWhere stories live. Discover now