Loving the green

20.5K 1.4K 58
                                    

(Unicode)
ရိပေါ် က သာမန်အထက်တန်းကျောင်းသားလေး တစ်ယောက်ပဲ။ သူ့ ဘဝကြီးမှာ အချစ်ကို ဘယ်သောအခါမှ တွေ့မယ်လို့မထင်မိဘူး။

လူတော်တော်များများ အချစ်ကို စတင်တွေ့ရှိချိန်ကို စိတ်ကူးယဥ်တတ်တာပဲ။ သာယာတဲ့ ကောင်းကင်ကြီးအောက် တစ်စုံတစ်ယောက်ရဲ့ အပြုံးလေးကို မြင်ရင် ကျွန်တော့်ချစ်သူကို ရှာတွေ့ခဲ့တယ်ဆိုတာမျိုး။

ဘယ်သူသိမှာလဲ။ ဒီ အလိုက်ကမ်းဆိုး မသိတဲ့ နှလုံးသားက အလိုက်ကမ်းဆိုး မသိစွာ လူတစ်ယောက်ကို မြင်မြင်ခြင်း ခုန်လာမယ်လို့။ ​ကျောင်းဝင်းထဲက သစ်ပင်ကြီးအောက်မှာ အခုန်လွန်နေတဲ့ ရင်ဘတ်တစ်နေရာကို ကိုင်ရင်း သူရပ်နေမိတယ်။

ဟုတ်ပြီ လွန်ခဲ့တဲ့ တစ်နာရီကို ပြန်သွားကြရအောင်။
နေရာ - ဖုန်ထူနေသော စာသင်ခန်းအဟောင်း
အခင်းအကျင်း - သန့်ရှင်းရေးလုပ်နေသော ကျောင်းသားများ
အနေအထား - ကြမ်းတိုက်နေတဲ့ အုပ်စု တစ်စု ခုံစီနေတဲ့ အုပ်စု တစ်စု

ရိပေါ် ရေညှစ်တာ နည်းနည်းလိုသွားလို့ သူတိုက်နေတဲ့ နေရာနားကို မလာဖို့ သတိလှမ်းပေးရင်း အဝတ်အခြောက်ကို ပထမနှစ် အတန်းခေါင်းဆောင်ဆီက လှမ်းတောင်းလိုက်တယ်။

သတိပေးထားတဲ့ ကြားက ချော်လဲဖြစ်အောင် လဲသွားသူတစ်ယောက်က ဒေါသထွက်နေပုံနဲ့

"ဒီနေရာ ဘယ်သူတိုက်တာလဲ ဉာဏ်မရှိဘူးလား"

"ခင်ဗျားက နားမပါဘူးလား"

သတိ​ပေးထားတဲ့ ကြားက အပြောခံရတော့ ရိပေါ် စိတ်တိုတိုနဲ့ ပြန်အော်လိုက်တယ်။

"အာ စီနီယာ အဆင်ပြေရဲ့လား"

မိန်းကလေးအများစုနဲ့ ယောကျ်ားလေးတစ်ချို့မှာ ပျာပျာသလဲ။ လဲနေရာက ထမလာနိုင်သေးတဲ့ စီနီယာ ရှောင်း​ကျန့် က ရိပေါ်ကို ဒေါသအပြည့်နဲ့ စိုက်ကြည့်တယ်။

"ဒုတ်"

ရိပေါ် မှာ ဆွဲထူပေးဖို့ လက်တောင်ကမ်းခွင့်မရှိအောင် ရှောင်းကျန့် ဘေး ဝိုင်းလာတဲ့ လူတွေကြောင့် နောက်ဆုတ်ပေးနေရင်း သူ့ ခန္တာကိုယ်က မူမမှန်တဲ့ခံစားချက်။ အဆမတန် ခုန်နေတဲ့ ဒီရင်ဟာ သူ့ကို မင်း ပုံမှန်မဟုတ်တော့ဘူးလို့ ပြောနေတာပဲ။

博君一肖 AUWhere stories live. Discover now