(Unicode)
ရိပေါ် ဖုန်းကို မကျေမနပ်ကြည့်ရင်း ဒေါသတွေထွက်နေရတယ်။ အဓိပ္ပါယ်မရှိ၊ ပထမမင်းသားနဲ့ ဒုတိယမင်းသားက နောက်ဆုံးမှာ ချစ်သူတွေ ဖြစ်သွားကြတယ်တဲ့။ ပြောတော့ ဒီတိုင်း ဟာသ အသားပေး ဝတ္ထုလေးဆို။ အခုတော့ ကောင်မလေးတွေက အရံဇာတ်ကောင်တွေ ဖြစ်သွားပါရောလား။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကြီးမှာလေ။"ဟေး ဝမ်ရိပေါ် ကောင်လေးနဲ့ အဆင်ပြေလား"
ဖုန်းကို ထောင်ပြရင်း စပ်ဖြဲဖြဲပြောလာတဲ့ အကောင်းစား သူငယ်ချင်းကို ဂျိုကြည့်ကြည့်ပေးလိုက်တယ်။ တစ်စက်ကလေးမှ မပြေဘူး ဟုတ်ပြီလား။
"ငါတို့ တစ်သက်လုံး ဝတ္ထုတွေ ဖတ်လာတာ သူတို့နှစ်ယောက် နာမည်ပါတဲ့ တစ်ခုမှပဲ ဟား ဟ"
ရိပေါ် စိတ်ညစ်ညစ်နဲ့ ဖိသောက်မိနေတဲ့ ဒိန်ချဥ်ဘူးလေးမှာ သနားစရာ။
"ဝမ်ရိပေါ်တို့ ကောင်လေးရသွားတာ ကွန်ဂရက်ကျူလေးရှင်းနော်"
"တိတ်စမ်း"
"ငါ့ ရှောင်းကျန့်လေးကို နင် ဂရုမစိုက်ရင် ပြန် စနိုက်မှာ"
"ငင့်"
တစ်ယောက်တစ်ခွန်းစီ ပြောနေတဲ့ သူငယ်ချင်း လေးယောက်ကို ကြည့်ရင်း ဒိန်ချဥ်ဘူးကို ခုံပေါ် ဆောင့်ချလိုက်တယ်။ မကျေနပ်ဘူး တကယ့်ကို။
ရယ်ချင်တာကို အောင့်ထားပုံရတဲ့ ကျိယန်၊ ဟောက်ရွှမ်းနဲ့ ကျိုးချန်တို့ကိုရော မျက်ရည်စမ်းစမ်း လုပ်ပြနေတဲ့ သူငယ်ချင်းကောင်မလေးကိုရော။
ဒီလို တစ်လွဲ အဖြစ်အပျက်တွေရဲ့ မူလအစကတော့ game ကစားနေရင်း Pop up ဖြစ်လာတဲ့ Web Novel တစ်ခုကို ဝင်ကြည့်မိတာက စတယ်။ အဓိက ဇာတ်ဆောင်ရဲ့ နာမည်က ဝမ်ရိပေါ်တဲ့။ အပြင်က ဝမ်ရိပေါ်လေးမှာ ဇာတ်လမ်းအကျဥ်း ဖတ်ကြည့်ရင်း ဒီ တစ်ခုတော့ ဖတ်ကိုဖတ်ရမှာလို့ တွေးမိတဲ့အထိ စိတ်ဝင်စားစရာ ဇာတ်လမ်းမျိုး။
အဲ ဒုတိယမင်းသား အနစ်နာခံပေးဆပ်သူကြီး နေရာမှာ ရှိနေတာက တစ်ကျောင်းလုံးရဲ့ အချစ်တော် စီနီယာ ရှောင်းကျန့် နာမည် ဖြစ်နေတာက လွဲရင်ပေါ့။ ဒါပေမယ့် စီနီယာနဲ့သူက ဝတ္ထုထဲမှာ အပြိုင်ဖြစ်နေတာတင်မက အပြင်လောကမှာလည်း တည့်မှ မတည့်ကြတာ။
YOU ARE READING
博君一肖 AU
FanficYizhan one shot collection. Actually two shots and three shots included.