(Unicode)
ဒီရက်ပိုင်း ရှာဖွေမှုစာရင်းတွေရဲ့ထိပ်မှာရော၊ လူတိုင်းရဲ့ပါးစပ်ဖျားမှာရော ရေပန်းစားနေတဲ့သတင်းတစ်ပုဒ်ရှိတယ်။ လူအများစုစိတ်ဝင်စားတာခံနေရတဲ့ သတင်းခေါင်းစဥ်က "စက်ရုပ်လေးရဲ့မွေးနေ့" တဲ့။ရှောင်းကျန့်ကစိတ်ပူပူနဲ့ တာဝန်ရှိသူတွေစစ်ဆေးနေတဲ့ကြားက သူရဲ့တစ်နှစ်သားစက်ရုပ်လေးကို ထိုင်ကြည့်နေရတယ်။ အဖွဲ့ခေါင်းဆောင်လျိုကတော့ စိတ်မပူပါနဲ့ဆိုတဲ့အပြုံးမျိုးပြုံးပြပါတယ်။ ဒါပေမယ့် ရှောင်းကျန့်အပါအဝင် lab ကလူတွေအားလုံးဒီအချိန်တော့ ရင်တမမဖြစ်နေတာသေချာသလောက်ရှိတာ။
"..."
"Congratulations ပါ ဒေါက်တာတို့အဖွဲ့က တကယ်တော်ပါတယ်။ ဒါကလုံးဝပြီးပြည့်စုံတဲ့ဖန်တီးမှု"
"..."
သတင်းထောက်တွေပါ အကုန်တစ်ယောက်မကျန်ပြန်သွားမှ ကိုယ့်လူတွေကိုယ်ပြန်ကြည့်ရင်း ရင်ထဲကလှိုက်တက်လာတဲ့ အပျော်ကဘာနဲ့မှနှိုင်းယှဥ်မရနိုင်အောင်။
ရှောင်းကျန့်က ငြိမ်ငြိမ်လေးရပ်နေတုန်း သူ့ကိုအင့်ခနဲမြည်အောင်ပြေးဖက်လာတဲ့ကောင်လေး ရိပေါ်။
"တော်တယ်မလား ကျွန်တော်"
"အင်း"
ဝမ်ရိပေါ်က ကော်လံတွေဘာတွေထောင်ပြလိုက်သေးတယ်။ ပြီးမှခပ်ကျဲကျဲရယ်ရင်း နှုတ်ခမ်းတွန့်ပြုံးပြတယ်။
"တော်ရင် ဆုချရတယ်မလား"
"အင်"
ရှောင်းကျန့်ကတော့ မျက်ခုံးခပ်လှုပ်လှုပ်ပါပဲ။ သူတို့ဘေးမှာ lab ကလူတွေအကုန်နီးပါးရှိသေးတာကို ဒီကောင်လေးအရှက်မရှိတာတွေ ထတော့မပြောလောက်ဘူးမလား။
"ဒီကို နှုတ်ခမ်းလေးနဲ့"
ပါးပေါ်ကထောက်ပြတော့မလို ပြင်ပြီးမှနှုတ်ခမ်းတည့်တည့်ကို ထောက်ပြလိုက်တယ်။ ပြီးတော့မျက်နှာကြီးကပါ အနားတိုးကပ်လာတာ။ တွန်းထုတ်ပြီးမှ ရှောင်းကျန့်မျက်နှာပူပူနဲ့ မျက်စောင်းတစ်ချက်ထိုးချလိုက်တယ်။
"ဒီ သောက်အတွဲတွေကွာ"
ဝမ်ကျိုးချန်တစ်ယောက် စာရွက်အထပ်လိုက်ကိုခုံပေါ်ပစ်ချရင်း မျက်နှာမဲ့ပြီးထွက်သွားတယ်။
YOU ARE READING
博君一肖 AU
FanfictionYizhan one shot collection. Actually two shots and three shots included.