💛 in love

2.5K 366 48
                                    

(Unicode)
"သမီးက လက်ထပ်တော့မယ်လို့ပြောတယ်"

"အင်း"

သက်ပြင်းရှိုက်သံသဲ့သဲ့ပါသွားတဲ့လေသံကြောင့် အမြဲလိုလိုအရိပ်အကဲတကြည့်ကြည့်ကောင်လေးက သူ့ဘက်ကိုလှည့်​ကြည့်လာတယ်။ ရှောင်းကျန့်က ရေကရားသေးသေးလေးကိုကောက်ယူရင်း စင်တွေပေါ်မှာအပြည့်ဖြစ်လုနီးပါးဖြစ်နေတဲ့ သစ်ပင်လေးတွေကိုရေလောင်းပေးနေမိတယ်။ မျက်လုံးတွေ အနည်းငယ်ဝေဝါးလာတာက သမ်းမိလို့ထင်ပါရဲ့။

"သမီးကငယ်ငယ်လေးရှိသေးတာ"

"..."

"ကျွန်တော်ကတော့ နောက်သုံးနှစ်၊ လေးနှစ်လောက်မှ မိသားစုဘဝကိုတည်ဆောက်စေချင်တာပဲ"

ဆံစပ်တွေဖြူစပြုနေတဲ့ အဘိုးအိုပေါက်စလေးက ငယ်ငယ်ကလိုနှုတ်ခမ်းတွေထော်တော့မလိုပုံမျိုးနဲ့ ပြောနေတယ်။ သူ့ရှေ့မှ ချပေးထားတဲ့ ကော်ဖီတွေအေးစက်နေမှာကို သတိမထားမိတဲ့ပုံနဲ့။

"ဝမ်ရိပေါ်"

"အင်း...... ကိုကို"

"မင်း ငါ့အိမ်ပေါ်ပိုင်စိုးပိုင်နင်းတက်လာပြီး ကိုကိုကကျွန်တော့်အပိုင်ဆိုပြီးလုပ်တုန်းက မင်းအသက်ဘယ်လောက်လဲ"

"အဟမ်း နှစ်ဆယ့်သုံးထင်တယ်။ နှစ်ဆယ့်နှစ်လည်း ဖြစ်ချင်ဖြစ်မယ်။ မသိဘူးဗျာ"

"ခု သမီးကအသက်ဘယ်လောက်လဲ"

"နှစ်ဆယ့်ငါး"

"..."

ရိပေါ်က မျက်လုံးတွေမှေးစင်းပြီး သူ့ကိုကြည့်တယ်။ ရှောင်းကျန့်ခေါင်းယမ်းရင်း ရေကရားကိုစင်လေးပေါ်တင်ထားလိုက်တယ်။ သမီးကိုကျ တွန့်တိုနေလိုက်တာ။ သူငယ်ငယ်တုန်းက ငါ့ကိုအတင်းအကျပ်လက်ထပ်တုန်းကကျတစ်မျိုး။

"ဒါပေမယ့်"

"..."

"အင်းပါ ကိုကိုမှန်ပါတယ်"

ရှောင်းကျန့်သူ့နားလျှောက်သွားလိုက်တော့ ရိပေါ်ကလက်နှစ်ဖက်ကိုကားပြီးကြိုဆိုတယ်။ အနားတိုးကပ်သွားတဲ့အခါ ရနေကျရေမွှေးရနံ့က ငယ်ဘဝတွေလိုပြင်းရှရှမဟုတ်တော့ပေမယ့် ဝမ်ရိပေါ်အတွက်သီးသန့်ဖြစ်တည်တဲ့ရနံ့လေးက နှာဝကိုရောက်လာတယ်။ အသာအယာပွေ့ဖက်မိတဲ့ သမီးရဲ့အဖေနှစ်ယောက်က သံယောဇဥ်အစွယ်အပွားလေးတွေ ထပ်ရှိလာမှာကိုမျှော်လင့်မိပါရဲ့။

博君一肖 AUWhere stories live. Discover now