(Unicode)
"လွှတ်"ဒေါသတကြီး အော်ထုတ်ဖို့ ကြိုးစားပေမယ့် ဝမ်ရိပေါ်အသံလေးက တိုးတိုးလေးပဲ ထွက်သွားတာ။ တိုးတာမှ တကယ့်ကို တိုးတိုးလေး။ ခါးတွေဆီက လက်တွေကိုလွှတ်ပေးလိုက်ပေမယ့် အပေါ်ကနေအုပ်မိုးရင်း ဘေးတစ်ဖက်တစ်ချက်စီကို လက်ထောက်ထားတဲ့ကျန့်ကောက သူ့ကိုခပ်ပြုံးပြုံးနဲ့ ငုံ့ကြည့်လာတယ်။
"..."
"..."
နှာခေါင်းထဲ ဝင်ဝင်လာတဲ့ ကိုယ်သင်းနံ့ဖျော့ဖျော့က ရုန်းထွက်ဖို့အားတွေကို ပိုပြီးလျော့စေတယ်။ ရေမွှေးနံ့ကြိုက်လို့ဆိုပြီး တံဆိပ်မှတ်ထားပြီး ဝယ်တာတောင် တူညီတဲ့အနံ့ကို ရမလာခဲ့တုန်းက သိလိုက်ရတာ၊ အနံ့ဖျော့ဖျော့လေးက ရေမွှေးကြောင့် မဟုတ်ဘဲ သူ့ရှေ့က ကျန့်ကောရဲ့ ပြည့်စုံခြင်းတွေထဲက တစ်ခုဆိုပြီး။
"ကလေးတွေ အိပ်ရမယ့်အချိန်ရောက်ပြီ"
ကျောကို ခပ်ဖွဖွပုတ်ပေးနေတဲ့ ကျန့်ကောကြောင့် ဘာတစ်ခုမှ သူမပြောနိုင်စွာ ဆွံ့အပြီးငြိမ်နေမိတယ်။ ကျန့်ကောရဲ့ လက်တွေကြားမှ ရုန်းမရပြုမရ သူ့ကိုယ်လေး။ အင်း သူ မရုန်းချင်တော့တာလို့ ထည့်ပြောရမလားလေ။
"ကိုကို"
"..."
"အကိုရှောင်း"
"အင်း ပြောလေဘာလဲ။ ငယ်ငယ်ကလို သီချင်းပါဆိုပြပြီး ချော့သိပ်ပေးစေချင်တာလား"
ဒီလိုအချိန်ကျွန်တော့်ကိုချစ်လား မေးကြည့်မိရင် ညီလေးတစ်ယောက်လို သိပ်ချစ်တာပါလို့ဖြေလိမ့််မယ်ထင်တယ်။
"အမျိုးမတော်တဲ့ ကောင်လေးကိုချော့သိပ်ပေးချင်နေတာလား"
ရယ်တယ်၊ ခပ်တိုးတိုးရယ်သံဆိုပေမယ့် သဘောကျလွန်းလို့ တသိမ့်သိမ့်ရယ်နေတဲ့ပုံမျိုးနဲ့။ ဝမ်ရိပေါ်သာရူးသွပ်သွားရင် အကြောင်းပြချက်နေရာမှာ ရှောင်းကျန့်လို့နှစ်လုံးထဲရေးမယ်။
"မဆိုးစမ်းနဲ့"
"..."
ကျန့်ကောကမတ်တပ်ထရပ်ပြီး ဘီရိုထဲကစောင်တစ်ထည်နဲ့ ခေါင်းအုံးတစ်လုံးကိုသယ်ပြီး ပြန်ရောက်လာတယ်။
YOU ARE READING
博君一肖 AU
FanficYizhan one shot collection. Actually two shots and three shots included.