(Unicode)
"Thank you! Have a nice day!"
အပူခံဘူးထဲ သေချာထည့်ထားပေးတဲ့ ကော်ဖီကိုလှမ်းယူရင်း မျက်စိတစ်ဖက်ပါ မှိတ်ပြမိတော့ အရောင်းတာဝန်ကျတဲ့ ကောင်မလေးမျက်နှာက မသိမသာရှက်ရဲသွားတယ်။အေးစိမ့်စိမ့်ရာသီဥတုအတွက် ကော်ဖီပူပူတစ်ခွက်။
ကော်ဖီဆိုင်ရဲ့အဝနားမှာ အလှဆင်ထားတဲ့မှန်ရှေ့ရပ်ရင်း မျက်စိရှေ့ကျနေတဲ့ ဆံပင်အနည်းငယ်ကို သပ်တင်မိတယ်။ မှန်ထဲက နွမ်းနယ်နေတဲ့ပုံရိပ်ယောင်က ဒီရက်ပိုင်းပင်ပန်းရသမျှကို ထင်ဟပ်စေတဲ့ မျက်ကွင်းညိုညိုလေးတွေနဲ့။ ခဏလေးပါ ဒီနေ့တစ်ရက်ပြီးရင် ကျောင်းပိတ်ရက်ရှည်တွေ လာတော့မှာ။
မှန်ထဲကပုံရိပ်ယောင်ကိုပြုံးပြရင်း ဘယ်လက်သီးတစ်ဖက် ဆုပ်ပြမိတယ်။
"အားတင်းထား ရှောင်းကျန့်!"
ကော်ဖီဆိုင်ကမှန်ကိုကြည့်ရင်း စကားပြောနေတဲ့သူ့ကို လူတွေဘယ်လိုမြင်မလဲဆိုတဲ့ အတွေးကရောက်လာတော့ ပါးနှစ်ဖက်ကရဲခနဲ။ အပြင်ထွက်ဖို့ ခြေလှမ်းအပြင်မှာ ကောင်လေးတစ်ယောက်က ဝင်တိုက်သွားသေးတယ်။ ပြန့်ကျဲသွားတဲ့ ထမင်းဘူး၊ ကော်ဖီဘူး၊ ရေဘူးတွေကို စိတ်မရှည်သလို ကောက်ပေးပြီးလက်ထဲဆောင့်ထည့်ပေးတဲ့ ကောင်လေးကိုကြောင်ကြည့်ရင်း ရှောင်းကျန့်မှာ အီလည်လည်။ နေ့စဥ်ညဆက်မအိပ်ထားတော့ တုံ့ပြန်မှုတွေက နှေးကွေးလေးလံလို့။
"Sorry! ဟာ ကိုကို ကျွန်တော့်ကို စောင့်ပါဦး"
မာရသွန်ပြိုင်ပွဲဝင်သလို ပြေးထွက်သွားတဲ့ ကောင်လေးတော်တော်ကြီးကို ဝေးဝေးရောက်မှ ရှောင်းကျန့်ကိုယ်နဲ့ အသိစိတ်ပြန်ကပ်တယ်။ မြေပေါ်မှာ ကျနေတဲ့ သော့ချိတ်တစ်ခု။
"ဟိုကောင်လေး"
အရိပ်တောင်မမြင်ရတော့တဲ့ သော့ချိတ်ပိုင်ရှင်လေးက လေထဲပျောက်သွားသလား ထင်ရတယ်။ လက်ပတ်နာရီဒိုင်ခွက်ဆီ အကြည့်ရောက်မိတော့ ရှောင်းကျန့်မှာ ထမခုန်မိရုံတမယ်။ ကျောင်းဝင်းဆီအသည်းအသန် ထပြေးတဲ့လမ်းကြောင်းတစ်လျှောက်မှာ သော့ချိတ်လေးကိုတစ်ချိန်ရောက်ရင်တော့ ပိုင်ရှင်ဆီပြန်ပေးပါ့မယ်လို့ ကတိတွေ ပေးနေမိသေး။
![](https://img.wattpad.com/cover/207326078-288-k578604.jpg)
YOU ARE READING
博君一肖 AU
FanfictionYizhan one shot collection. Actually two shots and three shots included.