Those so-called precious memories

837 92 5
                                    

(Unicode)
သူ ငါ့ကိုနမ်းလိုက်တယ်။
အမြဲတမ်းရနေကျ ရေမွှေးနံ့သင်းသင်းရတယ်။
တောတောင်တွေထဲမှာ ငါတစ်ယောက်ထဲလမ်းလျှောက်နေရသလိုပဲ။ မိုးရွာပြီးကာစ စိမ်းစိုနေတဲ့သစ်ရွက်တွေဆီကလွင့်ပျံလာတဲ့ အနံ့မျိုး။

🏞

ဒါက အသက်ဆယ့်ရှစ်နှစ်ကို စ လုံးရေး "စ" ပြည့်ပြီးသား ကောင်လေးတစ်ယောက်ရဲ့ ရိုးရှင်းတဲ့အိပ်မက်ဖြစ်တယ်။ သိပ်ပြီးရိုးရှင်းတယ်လို့လည်း ပြောလို့ကမရပြန်ဘူး။ အိပ်မက်ထဲမှာ သူနမ်းမိနေတာ လှလှပပနဲ့ချစ်စရာကောင်မလေးတစ်ယောက်မှ မဟုတ်တာပဲ။

ရေခဲရေအေးအေးတွေကို မော့သောက်နေမိပေမယ့်​ရင်ပူတာ ရပ်တန့်လိုမရနိုင်ဘူးဖြစ်နေတယ်။

စာကြည့်စားပွဲခုံပေါ်က နှိုးစက်သံကျယ်ကျယ်က အတွေးတွေကိုအနှောင့်အယှက်ထပ်ပေးတယ်။

ဒီနေ့က ပုံမှန်ရက်တွေထက် သေချာပေါက်ထူးခြားတာပေါ့။ နှိုးစက်သံကြားမှအိပ်မှုံစုတ်ဖွား နိုးထလာရတာမဟုတ်တဲ့ မနက်ခင်း။ ပြီးတော့ အတွေးထဲကိုနေရာယူထားတဲ့ လူတစ်ယောက်။

🏞

"မင်း နားကပ်မချွတ်သွားဘူးလား"

အထက်တန်းကျောင်းဝတ်စုံရဲ့ လက်ကောက်ဝတ်နားက ကြယ်သီးကိုတပ်ရင်း ရိပေါ်ခေါင်းခါပြလိုက်တယ်။ ညာဘက်ခြမ်းတစ်ခုလုံးကျောင်းဝတ်စုံတွေနဲ့ပြည့်နေတဲ့ ဘီရိုတံခါးကိုပိတ်လိုက်တော့ ကိုယ်လုံးပေါ်မှန်ချပ်မှာ သူ့ကိုစူးစမ်းနေတဲ့မျက်လုံးတွေနဲ့ အကိုဝမ်းကွဲရယ်၊ ခံစားချက်မရှိတဲ့မျက်လုံးတွေနဲ့ သူကိုယ်တိုင်ရယ်။

"ကျွန်တော် ဒီညနောက်ကျမယ်"

ကျိုးချန်ကမှန်ထဲကနေပဲ သူ့ကိုခေါင်းညိတ်ပြတယ်။ ကျောပိုးအိတ်ကိုပခုံတစ်ဖက်ပေါ်ပစ်တင်ရင်းထွက်လာတော့ သူ့အကိုဝမ်းကွဲရဲ့မျက်လုံးတွေက သူ့နောက်ကိုထပ်ကြပ်မကွာလိုက်ကြည့်နေတယ်လို့ရိပေါ်ခံစားရပေမယ့် ပြန်တုံ့ပြန်ဖို့ပျင်းရိနေဆဲပါပဲ။

ဒီနေ့ကသူ့မွေးနေ့။

🏞

ဘဝကြီးကပျင်းရိစရာကောင်းတယ်လို့ သူတွေးဖူးတယ်။

博君一肖 AUWhere stories live. Discover now