Coincidence

6.3K 926 91
                                    

(Unicode)
"မင်း မင်း ငါ့ကို"

ဝဲဘက်ရင်အုံကို ဖိကိုင်ရင်း ထိုင်ကျသွားသော လူတစ်​ယောက်ရဲ့ မျက်ဝန်းမှာ မယုံကြည်နိုင်မှုတွေ။ သွေးကို ကျဆင်းနေရင်းကနေ လှောင်ပြုံးပြုံးနေတဲ့ ချစ်ရသူဆီ မော့ငေးမိတယ်။ ရက်စက်နိုင်သူကတော့ လှောင်ပြုံးတွေ စွန့်ကျဲရင်း။

The End

"ဟမ် ပြီးပြီလား"

ပြန်လင်းလာတဲ့ ပတ်ဝန်းကျင်ကို မျက်မှောင်ကြုတ်အကဲခတ်ရင်း ရှောင်းကျန့် စိတ်ပျက်လက်ပျက် အအေးဘူးကို ကုန်အောင် မော့သောက်လိုက်တယ်။ စိတ်ညစ်လို့ ရုပ်ရှင်ဝင်ကြည့်ပါတယ်ဆိုမှ ရုပ်ရှင်က ပိုစိတ်ညစ်နေရတဲ့ အဖြစ်။ တပ်ထားတဲ့ မျက်မှန်ကို အအေးငွေ့တွေ လာထိတော့မှာ မြင်ယောင်လို့ ချွတ်ပြီး လည်ပင်းမှာ ခဏချိတ်မိတယ်။

ကျောပိုးအိတ်ကို ညာလက်က ဆွဲယူရင်း ​မျက်မှန်မတပ်ဘဲ လျှောက်မိတာ ဘယ်သူပစ်သွားမှန်းမသိတဲ့ အမှိုက်တစ်ခုနဲ့ ချော်ပြီး ဘေးဘက် အတွဲခုံပေါ်၊ တိတိကျကျပြောရရင် အတွဲခုံမှာ ထိုင်နေတဲ့ လူတစ်ယောက်ပေါ် ပစ်ကျတယ်။

"..."

"ဟင် ရိပေါ်ရလား။ ဒီမှာ ရှင်က ဘယ်သူလဲ။ ဘာတွေ ဇာတ်လမ်းလာဆင်နေတာလဲ"

"Sorry"

သူ့ကို ယောင်ပြီးပြန်ဖက်ထားဟန်ရှိတဲ့ လက်တွေက ရုန်းထွက်ရင်း ခေါင်းငုံ့တောင်းပန်လိုက်တယ်။​ ရုပ်ရှင်တောင် ပြီးနေပြီဆိုတော့ ညကိုးနာရီလောက် ရှိပြီထင်တယ်။ ဒီလိုအချိန်မှာ ရှောင်းကျန့် ဘာမှ မသိတော့ဘူး။ အိပ်ချင်တာပဲ သိတယ်။ အဆောင်ပြန်မယ်။ ပြီးရင် အိပ်မယ်။

ရုပ်ရှင်ရုံ အပြင်ရောက်တော့ ပေကျင်းမြို့ ညလေထုက အေးစိမ့်စိမ့်။ ကျောပိုးအိတ်ကို ညာဘက်ကျောမှာ တစောင်းလွယ်ရင်း လည်ပင်းမှာ ချိတ်ထားတဲ့ မျက်မှန်ကို ကောက်တပ်လိုက်တယ်။

"အကိုလေး ညီမတို့ စားသောက်ဆိုင်ဖွင့်ပွဲ လက်ဆောင်ပါ"

လက်ထဲရောက်လာတဲ့ ကွတ်ကီးထုတ်လေးကို ငုံ့ကြည့်ရင်း လာပေးတဲ့ ကလေးမလေးကို ပြုံးပြလိုက်တော့ ​ပါးလေးတွေရဲပြီး ပြန်ပြေးသွားတယ်။

博君一肖 AUWhere stories live. Discover now