(Unicode)
မြို့ငယ်လေးက မပြောင်းမလဲရှိနေတုန်းပဲလို့ တွေးမိတော့ ရှောင်းကျန့်မျက်နှာပေါ် အပြုံးတွေ ပြန်ရောက်လာတယ်။ နွေးထွေးတဲ့ ရာသီဥတု၊ လျှောက်ခဲ့ဖူးတဲ့ လမ်းတွေ။ ပန်းခြံကလေးရဲ့ ခုံတန်းလေးမှာ ထိုင်နေတဲ့စုံတွဲတစ်တွဲက တစ်ယောက်ကိုတစ်ယောက် မှီလို့။"လူတွေအများကြီးထဲမှာ ငါမင်းကိုပဲ လွမ်းနေတယ်။ ငါ အမှတ်မရှိဘူး ဝမ်ရိပေါ်"
❤
ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားဟောင်းများဆိုတဲ့ စာကပ်ထားတဲ့ နံရံထက်မှာ ဓာတ်ပုံလေးတွေ စီလို့။ ရှောင်းကျန့်ပုံရဲ့ တစ်ပုံကျော်မှာ ခပ်တည်တည် မျက်နှာလေးနဲ့ ကောင်လေးတစ်ယောက်ပုံ ရှိတယ်။
"ကျွန်တော်တို့ စာကြည့်တိုက်ဘက်ကို အရင်သွားစစ်တာပေါ့"
ရန်ပုံငွေတွေ ထောက်ပံ့ပေးတဲ့ ကျောင်းသားဟောင်းရှောင်းကျန့်ကို ကျောင်းရဲ့တာဝန်ရှိသူတွေက လိုက်ပြဖို့ ပြင်နေကြတယ်။
......(past)......
စာကြည့်တိုက်။
"ညာဘက်ကို လေးဆယ့်ငါးဒီဂရီ လှည့်ပြီးကြည့်လိုက်"
"..."
ရှောင်းကျန့် သူ့ကိုယ်သူ လက်ညိုးထိုးပြရင်း မျက်ခုံးပင့်တော့ အရှေ့က သူငယ်ချင်းက ခေါင်းညိတ်ပြတယ်။
"ဝမ်ရိပေါ်တဲ့ မချောဘူးလား"
"အာ"
မျက်ဝန်းတောက်တောက်တွေနဲ့ သူငယ်ချင်းမျက်နှာကို မြင်လိုက်တာနဲ့ ဒီတစ်ရက်လုံးတော့ နားညည်းတော့မယ်ဆိုတာ သိလိုက်ရတယ်။ သူ့ သူငယ်ချင်းက ဒီလိုပဲ။ ခပ်ချောချော ကောင်လေးကောင်မလေးတွေတိုင်းလိုလို သူသိတယ်။ ပြီးရင် ရှောင်းကျန့်ကို အမြဲပြန်ဖောက်သည် ချနေကြ။
"ငါ သူ့ကို စိတ်ဝင်စားလို့"
"လွန်ခဲ့တဲ့ တစ်ပါတ်က အတန်းခေါင်းဆောင် ကျိယန်ကိုဆို"
"အာ ဝမ်ရိပေါ်ကိုတော့ တကယ်ပါ"
ရှောင်းကျန့် ခေါင်းယမ်းပြီး စာအုပ်တွေကောက်သိမ်းလိုက်တယ်။ စာကြည့်တိုက်ပါမကျန် နှာဘူးထနိုင်တဲ့ သူ့ သူငယ်ချင်းကို သည်းမခံနိုင်တော့။
YOU ARE READING
博君一肖 AU
FanfictionYizhan one shot collection. Actually two shots and three shots included.