Memory Lane

5.8K 822 112
                                    

(Unicode)
ပုံပြင်လေးတစ်ခုဟာ ရိုးရိုးရှင်းရှင်းပါပဲ။

အမှတ်တရနေ့စွဲတစ်ခုမှာ မိုးတွေရွာနေခဲ့တယ်။ ချုံချင်သားလေး ရှောင်းကျန့်က တက္ကသိုလ်တက်ဖို့ ရွေးချယ်မိတော့ ပေကျင်းမြို့က တက္ကသိုလ်တစ်ခု။ ကျောင်းပိတ်ရက်တွေမှာ ဝမ်းကွဲအမရဲ့ ပန်းဆိုင်လေးမှာ ဝင်ကူပေးရင်း ဖြတ်သန်းရတဲ့ တက္ကသိုလ်ကျောင်းသားဘဝက အေးချမ်းပါတယ်။

အနေအေးပြီး စာကြိုးစားတဲ့ ရှောင်းကျန့်အတွက် သူငယ်ချင်းတွေက မရှားပေမယ့် ရင်ဘတ်ချင်းပေါင်းလို့ရတဲ့သူဆိုတာမျိုး မရှိခဲ့ဘူး။ ရှောင်းကျန့်အနေနဲ့ လိုအပ်တယ်လို့တောင် မထင်မိခဲ့ပါဘူး။ ဒီတိုင်းမသိမသာ ကာရံထားတဲ့စည်းတွေကို ဖြိုချဖို့ကြိုးစားတဲ့ကောင်လေးတစ်ယောက်က မိုးစက်တွေနဲ့အတူ ရောက်လာခဲ့တယ်။ ရှောင်းကျန့်ရဲ့ ချစ်ရတဲ့ (ညီလေး) ရိပေါ်။

"ကျွန်တော် ကျွန်တော် မွေးနေ့လက်ဆောင်လေး ပေးချင်လို့ ဖြစ်နိုင်မယ်ဆို အလှဆုံး ပန်းစည်းလေးရနိုင်မလား"

ဝင်​ပေါက်ကိုမြင်ရအောင် ဆင်ထားတဲ့ မှန်ထဲမှာ ရေတွေရွှဲနေတဲ့ ကလေးလေးတစ်ယောက် ငွေရှင်းကောင်တာရှေ့မှာရပ်နေတာကို မြင်နေရတယ်။ မောဟိုက်နေတဲ့ လေသံနဲ့အတူ ဘေးဘီဝဲယာ လိုက်ကြည့်နေတယ်။ ရှောင်းကျန့်ကိုတော့ မြင်သေးပုံ မရဘူး။

မျက်လုံးထဲ ရောက်လာတဲ့ အဖြူရောင် နှင်းဆီပန်းစည်းလှလှလေး။

"ဒါလေးဆို အဆင်ပြေမလား"

ကောင်လေးက ပန်းစည်း ကမ်းပေးနေတဲ့သူ့ကို အကြာကြီး မော့ငေးလို့။

ဒီလိုနဲ့ ပျင်းစရာကောင်းတဲ့ ရှောင်းကျန့်ဘဝထဲကို အသက်ငါးနှစ်ကျော် ခြောက်နှစ်နီးပါးလောက်ကွာတဲ့ ကလေးလေးတစ်ယောက်က ခွင့်မတောင်းဘဲ ဝင်လာခဲ့တယ်။

တစ်ပါတ်တစ်ခါ ရောက်ရောက်လာတဲ့ ကောင်လေးက လက်လေးနောက်ပစ်ပြီး ပန်းတွေကို လိုက်ကြည့်နေတာ စိတ်ဝင်တစား။ ရှောင်းကျန့်မှာ အရင်ကလို ပန်းဆိုင်စောင့်ရင်း ဝတ္ထုတွေဖတ်ပြီး အချိန်ဖြုန်းမနေရတော့ဘဲ လူကြီးပေါက်စလေးမေးသမျှ ရှင်းပြရင်း အချိန်တွေကုန်နေရတယ်။

博君一肖 AUWhere stories live. Discover now