(Unicode)
တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်နေတဲ့ကောင်လေးနှစ်ယောက်ပုံက အမှတ်တရဓာတ်ပုံတွေစီထားတဲ့နေရာမှာရှိတယ်။ ဆေးသားပျယ်စပြုနေတဲ့ဓာတ်ပုံထဲမှာတောင် မြတ်နိုးတဲ့အကြည့်တွေက လျှံထွက်လို့။
"ဒီအတွဲနဲ့ပတ်သက်ပြီး ပြောပြနိုင်တဲ့ဆရာတစ်ယောက်ရှိတယ်တဲ့"
"..."
ရွှမ်လုက သူ့ရှေ့တည့်တည့်ကိုလာပိတ်ရပ်နေတဲ့ ကောင်းယွီချန်ကိုဘာလဲဟဆိုတဲ့ ပုံစံမျိုးနဲ့မော့ကြည့်ဖြစ်တယ်။
"အဲ့ဒီ့ဆရာကို ကျွန်တော်သိတယ်"
တစ်ဆိတ်လောက် ကျောင်းရဲ့ပျိုတိုင်းကြိုက်နှင်းဆီခိုင်စာရင်းဝင်ကြီး၊ ရှင့်ရဲ့ပိုးပန်းနည်းတွေက ခေတ်နောက်မကျလွန်းဘူးလား။
"..."
"ဟို စိတ်မဝင်စားဘူးဆိုရင်"
"ကျွန်မ စိတ်ဝင်စားပါတယ်"
ရွှမ်လုရဲ့အလှဆုံးပြုံးပြမိတဲ့အပြုံးကို ကောင်းယွီချန်ကငေးခနဲဖြစ်သွားပြီးမှ ချောင်းတစ်ချက်ဟန့်လိုက်တယ်။ ဘေးကနေကြည့်နေတဲ့ ကောင်းယွီချန်ရဲ့သူငယ်ချင်းတွေက လေပေါ်မှာလက်နှစ်ချောင်းထောင်ပြီး အောင်မြင်ပြီဆိုတဲ့ပုံစံတွေလုပ်လို့။ ရွမ်လု တိတ်တိတ်လေးခိုးရယ်လိုက်တယ်။
💚..............အစ..............❤
ဝမ်ကျိုးချန်ပြောတဲ့ ချစ်သူတွေအကြောင်း
"မင်းတို့ ငါ့ကို လွမ်းနေကြတယ်မလား"
ဝမ်ကျိုးချန် ပါလာတဲ့ အိတ်အသွယ်သွယ်ကို စားပွဲဘေးချရင်း သူ့ရဲ့ သူငယ်ချင်းခေါ်ရမလား၊ ညီအစ်ကို ခေါ်ရမလား မသဲကွဲတဲ့ လူသားနှစ်ယောက်ကို ပြုံးပြလိုက်တယ်။ ပြန်ပြုံးပြလာတဲ့ လူနှစ်ယောက်က ကျိုးချန်ထဆဲရင်တောင် စိတ်မဆိုးမယ့်ပုံပဲ။ ဒီ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ဟာလေ။
"ဒီ ပုလင်းက နှစ်ပေါင်းရာချီ ဆေးမြစ်တွေ စိမ်ထားတဲ့ဝိုင်တဲ့ ငါ လက်ဆောင်ရလာတာ"
ဖန်ခွက် သုံးခွက်ကိုဖြည့်ပြီး ခွက်တွေကိုတစ်ယောက်စီရှေ့မှာ လိုက်ချပေးဖြစ်တယ်။
YOU ARE READING
博君一肖 AU
FanficYizhan one shot collection. Actually two shots and three shots included.