My Home

5.1K 746 16
                                    

(Unicode)

အနက်ရောင်ဝတ်စုံတွေနဲ့ လူတွေကြားမှာ လက်ထဲက ဓာတ်ပုံဘောင်တစ်ခုကိုင်ထားတဲ့​ ကောင်လေးတစ်ယောက်။ သည်းထန်စွာရွာနေတဲ့ မိုးကောင်းကင်ပေါ်က မိုးရေစက်တွေကို မော့ကြည့်ရင်း ကာရံထားပေး​တဲ့ ထီးအရိပ်တွေဆီက ရုန်းထွက်လိုက်တယ်။ မိုးရေပေါက်ကြီးငယ် ကျဆင်းနေတာတောင် ဂရုမစိုက်နိုင်စွာ။

လောကကြီးက ပျော့ညံ့တဲ့သူတွေကို ဦးစားမပေးတော့ လဲကျရင် ပြန်ထရမှာ။ ဒါပေမယ့် ကျွန်တော်ယုံကြည်ချက်တွေ ယိုင်နဲ့နေတယ် ပါးပါး။ ဘာလို့ ဒီလောကကြီးထဲ တစ်ယောက်ထဲထားခဲ့ရက်တာလဲ။

အခု ကျွန်တော်တစ်ယောက်ထဲ။

ရူးသွပ်ခဲ့ဖူးတဲ့ အကတစ်ခုကလွဲရင် အနားမှာ ဘယ်သူမှ မရှိတော့ဘူးလို့ ထင်တဲ့အချိန်မှာ ကိုကို့ကို ရှာတွေ့ခဲ့တယ်။

မျက်လုံးစုံမှိတ်ပြီး လက်တွေ၊ ခြေထောက်တွေတစ်ကိုယ်လုံးကို သံစဥ်နဲ့အတူ စီးမျောပြီးချိန်မှာ လက်ခုပ်သံလေးတစ်ခု။

"ညီလေးက ကတာတကယ်တော်တာပဲ"

"..."

လက်မနှစ်ဖက် ထောင်ပြပြီး သွားတွေပေါ်အောင် ပြုံးပြလာတဲ့ ကိုကို့နှုတ်ခမ်းအောက်နားမှာ မှည့်နက်လေးတစ်ခုရှိတယ်။ နှစ်အလိုက်အရောင်ခွဲထားတဲ့ ကျောင်းယူနီဖောင်းအရောင်အရ သူ့ရှေ့က ဒီလူက နောက်ဆုံးနှစ်ဆိုတာ မယုံနိုင်စရာ။

လူတွေကို မယုံကြည်တော့တဲ့စိတ်​ကြောင့် အပြုံးတွေကို လျစ်လျှုရှူရင်း အခန်းထောင့်နားမှာ ပုံချထားမိ​တဲ့ ကျောပိုးအိတ်ကို ကောက်ကိုင်မိတယ်။

"ဟာ ခဏနေပါဦး"

"..."

ခြေကားယား လက်ကားယားတားနေတဲ့ ဒီလူက ဘယ်လိုကြည့်ကြည့် နောက်ဆုံးနှစ်က စီနီယာပုံမပေါက်။

"အကို့နာမည်က ရှောင်းကျန့်ပါ။ ဒီဇိုင်းမေဂျာက နောက်ဆုံးနှစ်"

"..."

ရိပေါ်ရဲ့ မျက်လုံးတွေနဲ့ ဆုံစည်းတဲ့ စက္ကန့်အနည်းငယ်အတွင်းမှာတောင် ဒီလူက မျက်လုံးတွေထိရောက်တဲ့အပြုံးနဲ့ ဖမ်းစားတယ်။

博君一肖 AUWhere stories live. Discover now