(Unicode)
"ငါ အခု မင်းကို နမ်းလို့ရပြီလား"ရှောင်းကျန့်ကို စိုက်ကြည့်နေရင်းက ခေါင်းငုံ့ရယ်ချပြီး မဖြုတ်ရသေးတဲ့ လက်တွေဆီ အကြည့်ပို့ကာ တစ်ခေါက်ထပ်ပြုံးတယ်။
"ကျွန်တော့်အကြောင်း ဘယ်လောက်သိပြီလဲ"
"..."
"ကျွန်တော်ချောတယ် ဆိုတာကလွဲရင် ရှောင်းကျန့်က ဘာတွေသိသေးလဲ"
"မင်း"
မျက်လုံးချင်းစုံပြီး ပြုံးပြနေတဲ့ မျက်နှာလေးကို ပြန်ကြည့်ရင်း ရှောင်းကျန့်မှာ ဆွံ့အလို့။ ဘယ်လိုလူက သူ့ကိုယ်သူချောကြောင်း ထုတ်ပြောလို့လဲလေ။ (တကယ် ချောနေပေမယ့် ဒါက) ထားပါ။ ပြီးတော့ သူ့ထက် သေချာပေါက် အသက်ကြီးနိုင်တဲ့သူကို ရှောင်းကျန့်လို့ နာမည်တပ် ခေါ်သေးတယ်။
"စတာ စတာ ရှောင်းကျန့်ကောကော"
"..."
"ဒီလူတွေကြားမှာ နမ်းရဲတာ သေချာလို့လား"
မျက်ခုံးတစ်ချက်ပင့်ပြပြီး လူရှုပ်နေတဲ့ လမ်းမဘက်ကိုပါ လက်ညိုးထိုးပြတယ်။ ဒီလူတွေကြားမှာ နမ်းရဲလို့လားဆိုတဲ့ အမူအယာမျိုးနဲ့။ ရှောင်းကျန့်မျက်နှာတော့ သေချာပေါက် ရဲရဲနီနေလောက်ပြီ ထင်တယ်။
"ဝမ်ရိပေါ်"
"ပြောလေ ကောကော"
"မင်း"
ရှောင်းကျန့် ပြောချင်တဲ့ စကားလုံးပေါင်းမြောက်များစွာဟာ စကားသံဘဝကို ကူးပြောင်းမလာနိုင်ပါ။ ရှက်စိတ်ကြောင့် ဘာစကားတစ်ခွန်းမှ ပြောမရမှန်း သိနေပုံရတဲ့ ကောင်လေးကတော့ ပြုံးနေဆဲပါပဲ။ ဒီကောင်လေးကြည့်ရတာ အမြဲပြုံးနေတဲ့သူနဲ့လည်း မတူပဲနဲ့။
ဆက်ခနဲ ဆွဲခံရတဲ့ လက်ကောက်ဝတ်နဲ့အတူ ရှောင်းကျန့်ကိုယ်က လမ်းကြားလေးက နံရံမှာ ကပ်သွားတယ်။
ထိကပ်လာတဲ့ နှုတ်ခမ်းလွှာတွေရဲ့ ခေါ်ဆောင်ရာနောက်လိုက်ရင်း နှစ်ယောက်လုံး မောဟိုက်လာမှ အနမ်းတွေ ရပ်တန့်မိတယ်။
"ကျွန်တော် မေးချင်တာရှိတယ်"
ရှောင်းကျန့် အောက်နှုတ်ခမ်းနေရာကို လက်ညိုးနဲ့ အသာထိရင်း မောဟိုက်နေတဲ့ လေသံနဲ့ပြောတယ်။
![](https://img.wattpad.com/cover/207326078-288-k578604.jpg)
YOU ARE READING
博君一肖 AU
FanfictionYizhan one shot collection. Actually two shots and three shots included.