Pottery Anniversary

2.8K 502 27
                                    

(Unicode)

(AN/ ဒါက unpublish ထားဖူးတဲ့ one shot ပါ။ နည်းနည်းလေးပြန်ပြောင်းထားတာကလွဲရင်ဘအရင်အတိုင်းပါပဲ။)

"မင်း ငါ့ကို ငြီးငွေ့နေပြီလား"

ရှောင်းကျန့် အက်ကွဲနေတဲ့ အသံကို ချုပ်ထိန်းရင်း ပုံမှန်သံဖြစ်အောင် ကြိုးစားမေးမိတယ်။

ဝမ်ရိပေါ်ဆိုတဲ့ လူသားလေးကတော့ စာရွက်ပုံထဲကနေ ခေါင်းတောင် ထောင်မလာခဲ့ဘူး။

ရှောင်းကျန့် အံကြိတ်ရင်း နံရံကပ်နာရီ လှလှလေးကို ငဲ့ကြည့်မိတယ်။ 11:55 နောက်တစ်ရက်ရောက်ဖို့ ငါးမိနစ်အချိန်လောက်ပဲ ကျန်ရှိတော့တဲ့ အချိန်။

မျက်ဝန်းက မျက်ရည်တွေက မဖိတ်မခေါ်ဘဲ အလည်ရောက်လာတဲ့ ဧည့်သည်တွေလို။

"ဝမ်ရိပေါ်"

မသိမသာ မျက်မှောင်ကြုတ်သွားတာက လွဲရင် ရှောင်းကျန့်ကို အလေးတောင် မထားပုံပဲ။

ဘာလို့လဲ။ ဘာလို့ ငါကပဲ။ အနည်းဆုံးတော့ ဒီရက်လေးမှာ မင်းဆီက စကားတစ်ခွန်းခွန်းတော့ ကြားချင်မိတာ။

ချစ်တယ် မဟုတ်​ရင်တောင် ကိုးနှစ်လောက် အနားမှာ ရှိနေပေးတာ ကျေးဇူးတင်ပါတယ် ဆိုတာမျိုး ဖြစ်ဖြစ်။

"စောစောအိပ်နော် ရိပေါ်"

ဘေးမှာ ပြန့်ကျဲနေတဲ့ ကော်ဖီခွက်တွေကို လင်ပန်းတစ်ခုပေါ် တင်ယူရင်း ဘယ်နှစ်ကြိမ်မြှောက်မှန်း မသေချာတဲ့ သက်ပြင်းတစ်ရှိုက် ထပ်ချမိတယ်။

ဟိုး အရင်တုန်းကလည်း အလုပ်တွေရှုပ်နေရင် ကော်ဖီတွေဖျော်သောက်ပြီး ခွက်တွေ ပစ်ထားနေကြ။ နှစ်ယောက်လုံးပစ်ထားတဲ့ အမှိုက်တွေကို ပြန်ရှင်းရင်း ကြည်နူးခဲ့ရဖူးတယ်။

အခုတော့ သူ့ချစ်သူက ကျောက်ရုပ်တစ်ရုပ်လို။

ကော်ဖီခွက်တွေ ဆေးရင်း မျက်လုံးတွေ ဝေဝါးလာပြန်တာက မခေါ်မဖိတ်မိတဲ့ သူ့မျက်ရည်တွေ အလည်လာပြန်လို့။

ဒီ ရက်လေးတစ်ရ​က်တောင် မမှတ်မိတော့ဘူးလား ချစ်ရသူ။

💔

အိပ်ခန်းတံခါးကို မှီထိုင်ရင်း စာအိပ်ညိုညိုဆီ အာရုံပြန်ရောက်သွားပြန်တယ်။ မိန်းကလေး လှလှတစ်ယောက်နဲ့ ယှဥ်တွဲရပ်နေတဲ့ ရိပေါ်။ မိန်းကလေးရဲ့ အကြည့်တွေထဲမှာ ရိပေါ်ကို ချစ်မြတ်နိုးခြင်းတွေ ပြည့်လို့။

博君一肖 AUWhere stories live. Discover now